top of page

MCN TV (PLUS MAX)

Public·12 members

Ahunt Bhone Myat
Ahunt Bhone Myat

ဒီရက်ပိုင်းတွေမှာ အကြည့်ချင်ဆုံး ရုပ်ရှင်တွေထဲက တစ်ကား Chevalier (2022)


ဧပြီ (၂၁) ကမှ အမေရိကားမှာ စပြနေတုန်းဆိုတော့ Torrent တွေပေါ်လည်း မရောက်သေး Official Trailer လေးကြည့်လိုက် Review TV Show တွေ ကြည့်လိုက် သမိုင်းတွေ လိုက်ဖတ်ရင်းနဲ့ မျှော်နေရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုပါတော့..


ဂျော့ဝါ ရှင်တန် (George Washington) တို့လို (Founding Father) တစ်သိုက်ထက် စောပြီး အမေရိကန်မြေပေါ်မှာ ထုံးတမ်းစဉ်လာ အနုပညာတွေနဲ့ လူမည်းဆိုတာနဲ့ ကျွန်ဆိုတာလောက်ပဲ သိတဲ့ လူ့အဖွဲ့အစည်းကို စတင်တော်လှန်ခဲ့ပြီး


တော်လှန်တဲ့ ယဉ်ကျေးမှုနဲ့ အနုပညာကို အမေရိကန်တွေနဲ့ စတင် မိတ်ဆက်ပေးခဲ့တဲ့ အာဖရိကန်နွယ်ဖွား ဂီတပညာရှင် ဂျိုးဇက် ဘိုလုန်း , ချေဗာလီယေ ဒေ စိန့် ဂျော့ (Joseph Bologne, Chevalier de Saint-Georges) (1745 – 1799) ရဲ့ အကြောင်း Biography Film



Kelvin Harrison Jr. on Auditioning for American Idol Twice and Chevalier | The Tonight Show



အဲဒီခေတ် အမေရိကန်တွေရဲ့ တော်လှန်ရေးတောင် မစသေတဲ့ အချိန် - (မြန်မာတွေ ဘာတွေဖြစ်ပြီး ဘာတွေ လုပ်နေကြလေမလဲလို့.. ကျွန်တော်လို တွေးကြည့်မိမယ့်သူတွေ အတွက်...


ဂျိုးဇက် ဘိုလုန် (Joseph Bologne) မမွေးခင် ၂ နှစ်ခန့်အလို

  • ၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်

  • ၁၇၅ဝ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု

  • ၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း

  • ၁၇၅၂ အဝကို မွန်တို့သိမ်း

  • ၁၇၅၅ မွန်တို့က ဟံသာဝတီရောက် ၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊

  • ၁၇၅၈ – ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်

  • ၁၇၆ဝ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်

  • ၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်

  • ၁၇၆ရ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ

  • ၁၇၆၅ – ၆၉ တရုတ် ကျူးကျော်စစ်

  • ၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂ရ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်

  • ၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်


ဂျိုးဇက် ဘိုလုန် (Joseph Bologne) သေပြီး နောက် နှစ်

  • ၁၇၈ဝ မဟာဗန္ဓုလ မွေးဖွား





Members

  • Cruize Sun Star
    Cruize Sun Star
  • Terencencube Ncubefranklyn
    Terencencube Ncubefranklyn
  • UKhin Oo
    UKhin Oo
  • Pyae Phyo HeinPyae Phyo Hein
    Pyae Phyo Hein
  • Wathone Soe
    Wathone Soe
bottom of page