top of page

ဒီနှစ် သင်္ကြန်မှာ သိကြားမင်းဟာ ကျည်ကာအင်္ကျီကို ဝတ်၍ - ငြိမ်းချမ်းဖို့ဟု ဆိုကာ ဝရဇိမ်ကိုင် ဆင်းလာ

  • Writer: Ahunt Bhone Myat
    Ahunt Bhone Myat
  • Apr 12, 2023
  • 1 min read

Updated: Apr 16, 2023

နှစ်စဉ်သစ်ကူး အတာသင်္ကြန်အချိန်ကာလကို ရောက်တိုင်း မကောင်းသူတွေကို ပယ်ပြီး ကောင်းသူတွေကို ကယ်တင်ဖို့ဆိုပြီး နှစ်စဉ်နှစ်တိုင်း တာဝတိံသာ နတ်ပြည်ကနေ ဆင်းသက်လာလေ့ရှိတယ်လို့ ဘမှားတွေ ယုံကြည်လေ့ ရှိကြတဲ့အတိုင်း ဒီနှစ်မှာလည်း ရိုးရာမပျက် သိကြားမင်း မာဃဟာ လူပြည်ကို ဆင်းသက်လာခဲ့ပါပြီ။



တာဝတိံသာနတ်ဘုံရှိ (၃၃) ပါးတဲ့ နတ်မင်းကြီးတွေရဲ့ အကြီးအမှူး (အုပ်ကြီး) လည်း ဖြစ်တော်မူနေတဲ့ သိကြားမင်းဟာ… ဒီနှစ်မှာတော့


မှောင်ခိုလမ်းကြောင်းကနေ တဆင့်မှာကာ မယား (၄) ယောက်နဲ့ အများမသိအောင် အွန်လိုင်းရှောခ်ပင်းမှ ဝယ်ယူခဲ့တဲ့

ကျည်ကာအင်္ကျီကို ဝတ်ဆင်ပြီး.. ကွကိုယ် ကာကွယ်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေးသာမက.. စစ်ကို မုန်းလွန်းလွန်းလို့ဟု ဆိုပြန်ကာ လက်တစ်ဖက်မှ ရဇိမ် - မိုးကြိုးလက်နက်အား ကိုင်ဆောင်ကာ..

ree

တရုတ်လုပ် ပါဝါဘန့်ကိုလည်း ခါးမှာ ထိုးထားသည့်အပြင်.. ဓာတ်ဆီဖိုး ငွေကိုပါ ကျန် လက်တစ်ဖက်မှ ကျစ်ကျစ်ပါအောင်ကိုင်လျှက်…


နှုတ်မှလည်း “ငါယိုး-မြေယိုဒေ အကုန် များ2သေမြန်2သန့်ပဲ… အတာစားတယ် မပြောနက်… ကိုယ်ဖြစ်.. ကိုယ်ခံ.. ဘယ်သူမှ မကောင်းမကြံ.. ကောင်းဖို့လို့သာ.. ဆိုခဲ့ကြတာကြည့်ပဲ..” ဟုလည်း ဆိုကာ လူ့ပြည်သူ့ ဆင်းသက်လာလေ သတည်း.. တဲ့ ခ်ခ်








Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page