top of page

MCN TV (PLUS MAX)

Public·12 members

Ahunt Bhone Myat
Ahunt Bhone Myat

အကြည့်ချင်ဆုံး ရုပ်ရှင်ကတော့... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Johnny Depp ကို ပြင်သစ်ဘုရင် လူဝီ ၁၅ နေရာမှာ မြင်တွေ့ကြရမယ့် မေ ၁၆ ရက်နေ့မှ စပြမယ့် Jeanne du Barry (2023) ရုပ်ရှင်


ကမ္ဘာကျော် စစ်ဘုရင် နပိုလီယန်ဗိုနာပတ် ပထမကွန်ဆာကို မွေးဖွားပေးလိုက်တဲ့ ပြင်သစ်တော်လှန်ရေး (၁၇၈၉ - ၁၇၉၉) က လူဝီ ၁၆ ဘုရင်လက်ထပ်မှာ ဖြစ်ပေါ်စေခဲ့တာဆိုပေမယ့်...


ပြင်သစ် ပြည်သူတွေ ပဒေသရာဇ်စနစ်နဲ့ သက်ဦးစံပိုင်ဘုရင်စနစ်ကို ရွံမုန်းသွားအောင် စွမ်းဆောင် သွားသူကတော့ လူဝီ ၁၄ နဲ့ ၁၅ ဘုရင်တွေလို့ပဲ ဆိုကြပါစို့....


ဆိုတော့ ဒီရုပ်ရှင်မှာတော့ လူဝီ ၁၅ ဘုရင်နဲ့ သူ့ရဲ့ အချစ်နဲ့ ခံစားချက်တွေကို ပီပြင်အောင် အမျိုးသားထုကြီးရဲ့ သူရဲကောင်းကြီး ဖြစ်တဲ့ Johnny Depp ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲဆိုတာ...


Official Trailer ထဲက သူ့ကို လူဝီ ၁၅ ဘုရင် အနေနဲ့ တစ်ကွက်-တစ်ချက်လောက်လေးပဲ မြင်လိုက်ယုံလေးနဲ့တင် ဘယ်လောက် ပီပြင်တယ်ဆိုတာ တွေ့ရမယ့်အပြင်....


လူဝိ ၁၅ ဘုရင်ကြီးရဲ့ အချစ်နဲ့ နှလုံးသား အားလုံးကို မြင်မြင်ချင်းမှာတင် သိမ်းပိုက်သွားနိုင်ခဲ့တဲ့ Madame du Barry လို့ လူသိများတဲ့ Élisabeth Vigée Le Brun လို့ခေါ်တဲ့ ဟင်နရီ ၁၄ လက်ထပ်ကတည်းက သက်တော်ရှည် တရားဝင် ကိုယ်လုပ်တော် အသျှင်သခင်မလေး (Maîtresse-En-Titre/Petite Maîtresse) ရဲ့ အလှတရားတွေက ဘယ်လို ရှိမယ်ဆိုတာနဲ့ ...


သူ့အလှတရားတွေအောက်မှာ လူဝီ ၁၅ ဘုရင်ကြီးရဲ့ တဏှာရမက်တွေ ဘယ်လောက်အထိတောင် ထကြွသောင်းကျန်းခဲ့လဲဆိုတာတွေကို Jeanne du Barry (2023) မှာ မြင်တွေ့ကြမယ်ထင်တာပါပဲလို့..




Ahunt Bhone Myat
Ahunt Bhone Myat
May 01, 2023

Ps. သက်တော်ရှည် တရားဝင် ကိုယ်လုပ်တော် အသျှင်သခင်အမျှောင်မလေး (Maîtresse-En-Titre/Petite Maîtresse) Madame du Barry လို့ လူသိများတဲ့ Élisabeth Vigée Le Brun ဟာ ပြင်သစ်တော်လှန်ရေးအတွင်းမှာ ထွက်ပြေးတိမ်းရှောင်လိုတဲ့ သူတွေကို ကူညီမှုနဲ့ ..


ဆရာထင်လင်း စည်းပြင်ကလူအမည်နဲ့ ဘာသာပြန်ခဲ့တဲ့ Albert Camus ရဲ့ The Stranger (French: L'Étranger) (In English - The Outsider) ဝတ္ထုထဲရဲ့ ဇာတ်သိမ်းခန်းမှာ ဇာတ်လိုက်ကျော် Meursault ကို သေဒဏ်စီရင်ခဲ့တဲ့ Guillotine ခေါင်းဖြတ်စက်နဲ့ ခေါင်းဖြတ် သေဒဏ်စီရင်ခံခဲ့ရသူတစ်ယောက်ပါ။

Members

  • Cruize Sun Star
    Cruize Sun Star
  • Terencencube Ncubefranklyn
    Terencencube Ncubefranklyn
  • UKhin Oo
    UKhin Oo
  • Pyae Phyo HeinPyae Phyo Hein
    Pyae Phyo Hein
  • Wathone Soe
    Wathone Soe
bottom of page