top of page

Age of Samurai : Battle for Japan (2021) (Mini Series)

  • Writer: MCN TV NEWS [MYANMAR CHANNEL NEWS]
    MCN TV NEWS [MYANMAR CHANNEL NEWS]
  • Apr 6, 2023
  • 2 min read

Updated: Apr 30, 2023

ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတဲ့သူတွေတွက် ဖက်ဆစ်စစ်တပ်တွေရဲ့ ဖခင် ဂျပန်ဖက်ဆစ်စစ်ရဲ့ မူလအရင်းအမြစ်-ဇစ်မြစ်ဖြစ်တဲ့ ဆာမူရိုင်းတွေခေတ်ကို ကိုယ်တိုင်ရောက်ရှိ တွေ့မြင် လေ့လာချင်ကြတဲ့သူတွေအတွက် Age of Samurai : Battle for Japan (2021) (TV Mini Series) မြန်မာစာတမ်းထိုး မှတ်တမ်းရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။


အထူးသဖြင့် မြန်မာအပါအဝင် အင်ဒိုချိုင်းနားကျွန်းဆွယ် တလျောက်က နိုင်ငံတွေမှာ ဖက်ဆစ်စစ်တပ်တွေကို မွေးဖွားစေခဲ့တဲ့ ဂျပန် မီဂျီ တော်လှန်ရေး (သို) ပြန်လည်ထူထောင်ရေး (၁၈၆၈-၁၈၇၀) ဖြစ်ဖို ကျွန်းစုငယ်လေးတွေပေါ်က မျိုးနွယ်စုရယ်လိုတောင် မခေါ်ဆိုနိုင်သေးတဲ့ အရိုင်းအစိုင်းဘဝတွေကနေတဆင့် .... ဆာမူရိုင်းခေတ် (Age of Samurai) ကို ရောက်ရှိအောင် ဘယ်လောက်အထိ ရုန်းကန်ခဲ့ကြရတယ်ဆိုတာကို လေ့လာချင်ကြတဲ့ သူတွေအတွက်


Film informations


Age of Samurai : Battle for Japan (2021) (Burmese Subtitle Historical Documentary Films)

Running Time & Episodes - TV Mini Series/ 42 min. / 6 Episodes

Director - Stephen Scott

Cinematography - Ray Dumas, Simon Shohet

Cast - Hiro Kanagawa, Masami Kosaka, Hayate Masao,

Producer - Co-production United States-Japan; Blue Ant Media, Cream Productions

Genre - TV Series | Documentary | Feudal Japan | Historical | Samurai




ဆာမူရိုင်းခေတ် (Age of Samurai) ခေတ်တွေ ထဲကမှ မီဂျီတော်လှန်ရေး (Meiji Restoration) မတိုင်ခင် နှစ် (၂၅၀) ကျော်ကာလ ၁၅၅၁ မှ ၁၆၁၆ ခုနှစ်တွေဆီက ဆင်ဂိုကုတ်ခေတ် (Sengoku Period) ခေတ်က စတင်ပြီး ဆာမူရိုင်းမင်းဆက်တွေအနေနဲ့ အနာဂတ် ဂျပန်ဧကရာဇ် အင်ပါယာအတွက် ရုန်းကန်မှုတွေကို တွေ့ကြရမှာပါ။


အခုတင်ဆက်ပေးလိုက်တဲ့ Age of Samurai: Battle for Japan (2021) ဟာ "ဂျပန်အင်ပါယာ ချဲ့ထွင်ရေးစစ်ပွဲ" တွေအကြောင်း မဟုတ်ပါပဲ "ဂျပန်ပြည်ထောင်စု စတင်တည်ထောင်ရေးစစ်ပွဲ" တွေ အကြောင်းကို အပိုင်း (၆) ပိုင်း ပါဝင်တဲ့ (TV Mini Series) အနေနဲ့ ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။


OFFICIAL TRAILER [BURMESE SUBTITLE]

REVIEW ON MCN TV NEWS YOUTUBE CHANNEL


ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတဲ့သူတွေတွက် ဖက်ဆစ်စစ်တပ်တွေရဲ့ ဖခင် ဂျပန်ဖက်ဆစ်စစ်ရဲ့ မူလအရင်းအမြစ်-ဇစ်မြစ် ဆာမူရိုင်းတွေခေတ်နဲ့ မြောက်ပိုင်းသာသနာတွေအကြောင်းကို ခေတ်ပြိုင်မြန်မာနိုင်ငံက အခြေအနေတွေနဲ့ နှိုင်းယှဉ် လေ့လာတင်ဆက်ပေးထားပါတယ်။


ဖက်ဆစ်စစ်တပ်တို့ရဲ့ ဘိုးအေဖြစ်မယ့် ဆာမူရိုင်း (Samurai) ဆိုတာ ဘာလဲ၊ ရာစုနှစ် ၃ ခုနီးပါကြာ ကာလတွေမှာ ဆာမူရိုင်း (Samurai) ကနေတဆင့် ဖက်ဆစ် (Fascist) ဂျပန်ဖြစ်ဖို့ ဂျပန်ဧကရာဇ်တွေ ဘယ်လိုတွေ လုပ်ခဲ့ကြပါလဲ။

ဂျပန်တွေ ဆာမူရိုင်း (Samurai) ခေတ်ကနေ ဖက်ဆစ် (Fascist) ခေတ်အထိ မဟာယာနလို့ ခေါ်တဲ့ မြောက်ပိုင်း ဗုဒ္ဓဘာသာကို ဘယ်လိုတွေ ပြောင်းလဲခဲ့တယ်။ ကျွန်းစုတွေပေါ် မျိုးနွယ်စုပေါင်းများစွာ ပြန့်ကျဲနေထိုင် စီမံအုပ်ချုပ်ခဲ့ရာကနေ နိုင်ငံတော်တစ်ရပ်ကို ဘယ်လို နည်းလမ်းတွေနဲ့ စုစည်းတည်ထောင်ခဲ့ကြရတယ်။ အဲ့ဒီကနေတဆင့် အင်ပါယာအထိ နယ်မြေတွေကို ဘယ်လိုနည်းလမ်းတွေ ချဲ့ထွင်ခဲ့ကြပါလဲ။


ဒီလိုအကြောင်းအရာပေါင်းများစွာကို ဒီရက်ပိုင်းမှာ ကြည့်ပြီးလေ့လာဖြစ်ခဲ့တဲ့ "ဆာမူရိုင်းခေတ် - ဂျပန်အတွက်တိုက်ပွဲ" လို အဓိပ္ပါယ်ရတဲ့ Age of Samurai : Battle for Japan (2021) အပိုင်း (၆) ပိုင်းပါဝင်တဲ့ TV Mini Series လေးအကြောင်းကို ပြန်လည်ခံစား မျှဝေပေးထားပါတယ်။


ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်လိုသူတွေ "အချိန်ရမှ.. နားထောင်ပါ.." [အပိုင်း ၁]

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်လိုသူတွေ "အချိန်ရမှ.. နားထောင်ပါ.." [အပိုင်း ၂]

WATCH FULL FILMS @ MCN TV PLUS MAX TELEGRAM CHANNEL


Title - Age of Samurai : Battle for Japan (2021) (Burmese Subtitle)

Subtitle Info - Burmese Subtitle Translation By Google Translate API


Download & Watch Episode List


Season 1 - Episode 1




Season 1 - Episode 2


Season 1 - Episode 3


Season 1 - Episode 4


Season 1 - Episode 5


Season 1 - Episode 6


Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page