Fight the Power How Hip Hop Changed the World (2023)
ဟစ်ဟော့ပ်ဂီတဆိုတာ ဘာလဲ၊ ဘယ်က လာပြီး.. ဘယ်ကိုသွားနေတာလဲ.. ဆိုတာတွေကို အရင်က သိခဲ့တာတွေ.. မှတ်သားခဲ့ဖူးတဲ့ အမှတ်သညာတွေအားလုံးကို ပြောင်းလဲသွားစေမယ့် မှတ်တမ်းရုပ်ရှင် Fight the Power How Hip Hop Changed the World (2023 ) ကို မျှဝေပေးလိုက်ပါတယ်။
၁၉၆၀ - ၁၉၇၀ ခုနှစ်ဝန်းကျင်တွေက အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေအပြင် ဗီယက်နမ်ကျူးကျော်စစ် ဆန့်ကျင်ရေးတွေလှုပ်ရှားမှုတွေကနေ "အာဏာပါဝါကို တိုက်ခိုက်ခြင်း - ဟစ်ဟော့ပ်ဟာ ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲစေခဲ့လဲ" ဆိုတာတွေကို သမိုင်းသင်ခန်းစာ ရရှိစေနိုင်မယ့် မှတ်တမ်းရုပ်ရှင် မီနီစီးရီးကို မျှဝေပေးလိုက်ရပါတယ်။
FILM INFORMATION

Original Title - Fight the Power How Hip Hop Changed the World (2023)
Country - United States United States
Screenwriter - Chuck D.
Music - Thomas Farnon
Cast - Documentary, Self: Chuck D.
Producer - PBS Home Video. Distributor: PBS
Genre - TV Series. Documentary | TV Miniseries. Music
Subtitle Info - Burmese Subtitle Translation By Google Translate API
PBS Home Video ကနေထုတ်ပြီး BBC World Service အပါအဝင် ကမ္ဘာတလွှားက အခပေးရုပ်သံကွန်ယက်တွေပေါ်မှာ ပြီးခဲ့တဲ့ လပိုင်းကမှ စတင်ထုတ်လွှင့်ပြသနေတဲ့ Fight the Power How Hip Hop Changed the World (2023 ) မှတ်တမ်း ရုပ်ရှင် မီနီစီးရီးမှာတော့ တစ်နာရီစာ အပိုင်း (၄) ပိုင်းပါထားတာပါ။
Season 1 Episode 1 - The Foundation
ပထမဆုံးအပိုင်းဖြစ်တဲ့ The Foundation မှာတော့ ဟစ်ဟော့ပ်ကို မွေးဖွားစေခဲ့ပြီးလို့ ၁၉၈၂ ခုနှစ် အရောက်မှာ ပထမဆုံး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိစေခဲ့တဲ့ အကြောင်းတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
Season 1 Episode 2 - Under Siege
ဒုတိယပိုင်း Under Siege မှာတော့ ၁၉၈၀ ခုနှစ်တွေက စတင်ပြီး VHS နည်းပညာ တော်လှန်ရေးတွေနဲ့အတူ ဟစ်ဟော့ပ်ဟာ သန်းပေါင်းများစွာသော အမေရိကန်တွေအတွက် လူမှုရေးဝေဖန်ချက်တွေရဲ့ အသံဖြစ်လာခဲ့ပုံတွေ အကြောင်းကို လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။
Season 1 Episode 3 - Culture Wars
တတိယပိုင်းဖြစ်တဲ့ ယဉ်ကျေးမှုစစ်ပွဲများ (Culture Wars) မှာတော့ ၁၉၉၀ ပြည့်နှစ်လွန်ကာလတွေတိုင် ဟစ်ဟော့ပ်ဂီတ အဆက်မပြတ် ထွန်းကားလာမှုတွေကို တွေ့မြင်ကြရမှာ ဖြစ်သလို ဒီဆယ်စုနှစ်အတွင်းမှာပဲ ဟစ်ဟော့ပ်ဂီတရဲ့ နိုင်ငံရေးနယ်ပယ်တွေအပေါ် သက်ရောက်မှုတွေနဲ့အတူ အမျိုးသမီးရက်ပ်စတားတွေ ပေါ်ထွန်းလာပုံတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
Season 1 Episode 4 - Still Fighting
တိုက်ခိုက်နေရဆဲ (Still Fighting) လို့ဆီလျှော်အောင် အဓိပ္ပါယ်ကောက်ယူရမယ့် နောက်ဆုံး စတုတ္တပိုင်းမှာတော့ အောင်မြင်တဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ သမိုင်းနဲ့ ကမ္ဘာကြီးကိုပါ ပြောင်းလဲစေခဲ့တဲ့အထိဖြစ်ပေါ်စေခဲ့တဲ့ ဟစ်ဟော့ ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲဖြစ်စဉ်တွေ အကြောင်းကို လေ့လာတွေမြင်ကြရမှာဖြစ်ပါတယ်။
OFFICIAL TRAILER [BURMESE SUBTITLE]
WATCH FULL FILMS @ MCN TV PLUS MAX TELEGRAM CHANNEL
Subtitle Info - Burmese Subtitle Translation By Google Translate API
TELEGRAM Link - https://t.me/mcntvplus/227
Season 1 Episode 1 - The Foundation
WATCH @ https://t.me/mcntvplus/222
Season 1 Episode 2 - Under Siege
WATCH @ https://t.me/mcntvplus/223
Season 1 Episode 3 - Culture Wars
WATCH @ https://t.me/mcntvplus/224
Season 1 Episode 4 - Still Fighting
WATCH @ https://t.me/mcntvplus/225



Comments