top of page

Fight the Power How Hip Hop Changed the World (2023)

  • Writer: Ahunt Bhone Myat
    Ahunt Bhone Myat
  • Apr 6, 2023
  • 2 min read

ဟစ်ဟော့ပ်ဂီတဆိုတာ ဘာလဲ၊ ဘယ်က လာပြီး.. ဘယ်ကိုသွားနေတာလဲ.. ဆိုတာတွေကို အရင်က သိခဲ့တာတွေ.. မှတ်သားခဲ့ဖူးတဲ့ အမှတ်သညာတွေအားလုံးကို ပြောင်းလဲသွားစေမယ့် မှတ်တမ်းရုပ်ရှင် Fight the Power How Hip Hop Changed the World (2023 ) ကို မျှဝေပေးလိုက်ပါတယ်။


၁၉၆၀ - ၁၉၇၀ ခုနှစ်ဝန်းကျင်တွေက အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေအပြင် ဗီယက်နမ်ကျူးကျော်စစ် ဆန့်ကျင်ရေးတွေလှုပ်ရှားမှုတွေကနေ "အာဏာပါဝါကို တိုက်ခိုက်ခြင်း - ဟစ်ဟော့ပ်ဟာ ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲစေခဲ့လဲ" ဆိုတာတွေကို သမိုင်းသင်ခန်းစာ ရရှိစေနိုင်မယ့် မှတ်တမ်းရုပ်ရှင် မီနီစီးရီးကို မျှဝေပေးလိုက်ရပါတယ်။


FILM INFORMATION

Original Title - Fight the Power How Hip Hop Changed the World (2023)

Country - United States United States

Screenwriter - Chuck D.

Music - Thomas Farnon

Cast - Documentary, Self: Chuck D.

Producer - PBS Home Video. Distributor: PBS

Genre - TV Series. Documentary | TV Miniseries. Music

Subtitle Info - Burmese Subtitle Translation By Google Translate API



PBS Home Video ကနေထုတ်ပြီး BBC World Service အပါအဝင် ကမ္ဘာတလွှားက အခပေးရုပ်သံကွန်ယက်တွေပေါ်မှာ ပြီးခဲ့တဲ့ လပိုင်းကမှ စတင်ထုတ်လွှင့်ပြသနေတဲ့ Fight the Power How Hip Hop Changed the World (2023 ) မှတ်တမ်း ရုပ်ရှင် မီနီစီးရီးမှာတော့ တစ်နာရီစာ အပိုင်း (၄) ပိုင်းပါထားတာပါ။


Season 1 Episode 1 - The Foundation

ပထမဆုံးအပိုင်းဖြစ်တဲ့ The Foundation မှာတော့ ဟစ်ဟော့ပ်ကို မွေးဖွားစေခဲ့ပြီးလို့ ၁၉၈၂ ခုနှစ် အရောက်မှာ ပထမဆုံး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိစေခဲ့တဲ့ အကြောင်းတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


Season 1 Episode 2 - Under Siege

ဒုတိယပိုင်း Under Siege မှာတော့ ၁၉၈၀ ခုနှစ်တွေက စတင်ပြီး VHS နည်းပညာ တော်လှန်ရေးတွေနဲ့အတူ ဟစ်ဟော့ပ်ဟာ သန်းပေါင်းများစွာသော အမေရိကန်တွေအတွက် လူမှုရေးဝေဖန်ချက်တွေရဲ့ အသံဖြစ်လာခဲ့ပုံတွေ အကြောင်းကို လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။


Season 1 Episode 3 - Culture Wars

တတိယပိုင်းဖြစ်တဲ့ ယဉ်ကျေးမှုစစ်ပွဲများ (Culture Wars) မှာတော့ ၁၉၉၀ ပြည့်နှစ်လွန်ကာလတွေတိုင် ဟစ်ဟော့ပ်ဂီတ အဆက်မပြတ် ထွန်းကားလာမှုတွေကို တွေ့မြင်ကြရမှာ ဖြစ်သလို ဒီဆယ်စုနှစ်အတွင်းမှာပဲ ဟစ်ဟော့ပ်ဂီတရဲ့ နိုင်ငံရေးနယ်ပယ်တွေအပေါ် သက်ရောက်မှုတွေနဲ့အတူ အမျိုးသမီးရက်ပ်စတားတွေ ပေါ်ထွန်းလာပုံတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။


Season 1 Episode 4 - Still Fighting

တိုက်ခိုက်နေရဆဲ (Still Fighting) လို့ဆီလျှော်အောင် အဓိပ္ပါယ်ကောက်ယူရမယ့် နောက်ဆုံး စတုတ္တပိုင်းမှာတော့ အောင်မြင်တဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ သမိုင်းနဲ့ ကမ္ဘာကြီးကိုပါ ပြောင်းလဲစေခဲ့တဲ့အထိဖြစ်ပေါ်စေခဲ့တဲ့ ဟစ်ဟော့ ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲဖြစ်စဉ်တွေ အကြောင်းကို လေ့လာတွေမြင်ကြရမှာဖြစ်ပါတယ်။


OFFICIAL TRAILER [BURMESE SUBTITLE]


WATCH FULL FILMS @ MCN TV PLUS MAX TELEGRAM CHANNEL


Subtitle Info - Burmese Subtitle Translation By Google Translate API



Season 1 Episode 1 - The Foundation


Season 1 Episode 2 - Under Siege


Season 1 Episode 3 - Culture Wars


Season 1 Episode 4 - Still Fighting





Commentaires

Noté 0 étoile sur 5.
Pas encore de note

Ajouter une note
bottom of page