top of page

John Leguizamo's Latin History for Morons (2018)

ငမိုက်သား ငတုံးတွေအတွက် လက်တင်သမိုင်း - ဂျွန် လီဂူဇာမို၏ ဘရွတ်ဝေးသို့လျှောက်လှမ်းရာ" လို့ မြန်မာလို စီလျှော်အောင် အဓိပ္ပါယ်ကောက်ယူနိုင်မယ့် Latin History for Morons : John Leguizamo's Road to Broadway (2018) လို့ ခေါ်တဲ့ ထိုးထွင်းဆင်ခြင်သိမြင်မှု (Intellectual) ကို အခြေခံတဲ့ မတ်တပ် သရော်.. ဩဘာ.. ကထာ... ဋီကာ (Stand-Up Comedy) မှာတော့ -


အမေရိကန်ပြည်ထောင်စုရဲ့ နှစ်ပေါင်း ၃၀၀၀ ကျော် သမိုင်းတလျှောက် ထိန်ချန် ဖုံးကွယ် မှေးမှိန်အောင် စီရင်စီမံခံခဲ့ကြရတဲ့ လက်တင်လူမျိုးတွေရဲ့ အခန်းကဏ္ဍကို တင်ဆက်ချိန် မိနစ် ၉၀ အတွင်းမှာ မချွင်းမချန် ဖော်ထုတ်ပြီး သရော်.. ဩဘာ.. ကထာ... ဋီကာ.. ချဲ့ထွင် ဖွင့်ဆိုထားတာပါ။


Film Information

Original Title - John Leguizamo's Latin History for Morons (2018) (Burmese Subtitle)

Running time - 90 min.

Country - United States United States

Director - Aram Rappaport

Screenwriter - John Leguizamo

Cinematography - Jaime Reynoso

Cast - John Leguizamo

Producer - Diamante Content. Distributor: Netflix

Genre - Comedy | Stand-Up | Historical




ဒီ Stand-Up Comedy မှာတော့ သားဖြစ်သူရဲ့ ကျောင်းက သမိုင်းသုတေသန ပရောဂျက်တစ်ခုအတွက် လက်တင်သူရဲကောင်း တစ်ဦးကို ရှာဖွေပေးဖို့ ကြိုးစားရာကနေ အမေရိကန် ကျောင်းသုံးစာအုပ်နဲ့ သမိုင်းစာအုပ်တွေမှာ လက်တင်လူမျိုးတွေအကြောင်း လုံးဝနီးပါး မပါဝင်ပဲ.. မဖော်ပြထားတာကို တွေ့မြင်ခဲ့ရာက လက်တင်လူမျိုးတွေရဲ့ သမိုင်းကို အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းကြောင်းကြီး တလျှောက်လုံးအပြင် - သဘာဝလောကြီး တစ်ခုလုံးရဲ့ သမိုင်းတွေကိုပါ ထုံးလိုချေ ရေလိုနှောက်ပြီး ရှာဖွေမှုတစ်ခုကို အရူးအမူး ပြုခဲ့တာနဲ့ စတင်ဖွင့်လှစ်ထားပါတယ်။


OFFICIAL TRAILER [BURMESE SUBTITLE]


REVIEW ON MCN TV NEWS YOUTUBE CHANNEL


အမေရိကန် ပြည်ထောင်စုသမိုင်းနဲ့အတူ လူသားတွေရဲ့ သဘာဝသမိုင်းတလျှောက် လက်တင်လူမျိုးတွေရဲ့ သမိုင်းတွေကို ဘရော့ခ်ဝေး ပြဇာတ်ရုံ တွေမှာ ဟောပြောတင်ဆက်ပေးထားတဲ့ တစ်ကိုယ်တော်"မတ်တပ် သရော်.. ဩဘာ.. ကထာ... ဋီကာ.." လို့ ကျွန်တော်ကတော့ ဘာသာပြန်ဆိုထားတဲ့ Stand-Up Comedy အမျိုးအစားတစ်ခုဖြစ်တဲ့ Latin History for Morons (2018) အကြောင်းကို Review အနေနဲ့ မျှဝေ တင်ဆက်ပေးထားပါတယ်။


REVIEW ON CBS’S “THE LATE SHOW” WITH STEPHEN COLBERT


ကမ္ဘာကျော် ရုပ်သံအစီအစဉ်မှူးကြီး စတီဗင် ကိုလ်ဘတ် (Stephen Colbert) တင်ဆက်ပေးနေတဲ့ CBS ရုပ်/သံလိုင်းကြီးရဲ့ The Late Show အစီအစဉ် John Leguizamo Teaches 'Latin History For Morons' (မြန်မာစာတမ်းထိုး)


REVIEW ON CBS’S “THE LATE SHOW” WITH STEPHEN COLBERT (Burmese Subtitle)

@ MCN TV PLUS MAX TELEGRAM CHANNEL


WATCH FULL FILMS @ MCN TV PLUS MAX TELEGRAM CHANNEL

Title - John Leguizamo's Latin History for Morons (2018) (Burmese Subtitle)

Subtitle Info - Burmese Subtitle Translation By Google Translate API

Comentários

Avaliado com 0 de 5 estrelas.
Ainda sem avaliações

Adicione uma avaliação
bottom of page