top of page

John Lewis: Good Trouble (2020) Documentary Film

  • Writer: Ahunt Bhone Myat
    Ahunt Bhone Myat
  • Apr 3, 2023
  • 1 min read

Updated: Apr 6, 2023

အမေရိကန်ပြည်ထောင်စုမှာ ၁၉၆၀ ခုနှစ်ဝန်းကျင်တွေက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းမဖက်တဲ့ နိုင်ငံသား အခွင့် အရေးလှုပ်ရှားမှုတွေမှာ ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ (Dr. Martin Luther King Jr.) နဲ့အတူ ဦးဆောင်ပါဝင်ခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဖြစ်ကနေ အမေရိကန် အောက်လွှတ်တော်ရဲ့ ဂျော်ဂျီယာ အမတ်အဖြစ် ကွယ်လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်း ၁၇ ကြိမ်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ အမေရိကန် ဝါရင့် နိုင်ငံရေးသမားကြီး ဂျွန် လူးဝစ် (John Lewis) ရဲ့ နိုင်ငံရေးဘဝဖြတ်သန်းမှုတွေကို လေ့လာကြရမှာဖြစ်ပါတယ်။


ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ၁၉၄၀ ခုနှစ် ဂျွန် လူးဝစ် (John Lewis) မွေးဖွားချိန်ကနေစတင်ပြီး အသက် (၂၀) အရွယ် ၁၉၆၀ ခုနှစ်ဝန်းကျင်တွေကနေ စတင်ပြီး နိုင်ငံသား အခွင့် အရေးလှုပ်ရှားမှုတွေမှာ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာနဲ့အတူ အကြမ်းမဖက်နိုင်ငံရေး အံတုမှုတွေကို ဆင်နွှဲခဲ့ပုံတွေ၊ အဲ့ဒီနောက် ၁၉၈၆ ခုနှစ်ကစတင်ပြီး ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီး အောက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကြာ နိုင်ငံရေးဘဝတလျှောက် သမိုင်းမှတ်တိုင်တွေကို အတုယူဖွယ်တွေ့မြင်ကြရမှာပါ။


အထူးသဖြင့် ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ဂျွန် လူးဝစ် (John Lewis) ရဲ့ နှစ်ပေါင်း (၆၀) ကြာ နိုင်ငံရေးဘဝတလျှောက် ဖြတ်သန်းမှုတွေထဲက လူမည်းနိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေးတန်းတူညီမျှရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိရေး၊ သေနတ်ထိန်းချုပ်မှု၊ ဖယ်ဒရယ် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေပြုရေးအပိုင်းတွေမှာ စွမ်းဆောင် နိုင်ခဲ့တဲ့ နိုင်ငံရေးရလဒ်ကောင်းတွေကို လေ့လာကြရမှာ ဖြစ်ပါတယ်။


Film Information

Original Title - John Lewis: Good Trouble (2020)

Running time - 96 min

Director - Dawn Porter

Music - Tamar-Kali Brown

Cast - Documentary, Self: John Lewis

Producer - AGC Studios, CNN Films, Color Farm Media. Distributor: Magnolia Pictures

Genre - Documentary, Biography, U.S Civil Rights Movement, History


OFFICIAL TRAILER [BURMESE SUBTITLE]

WATCH FULL FILMS @ MCN TV PLUS MAX TELEGRAM CHANNEL


Title - Andrew Santino : John Lewis: Good Trouble (2020) (Burmese Subtitle)

Subtitle Info - Burmese Subtitle Translation By Google Translate API



Comentários

Avaliado com 0 de 5 estrelas.
Ainda sem avaliações

Adicione uma avaliação
bottom of page