အမေရိကန်ပြည်ထောင်စုရဲ့ (၄၆) ယောက်မြောက် သမ္မတ ဂျိုးဘိုက်တန် (Joe Biden) ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပထမဆုံး တစ်နှစ်တာအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို "ပထမနှစ် - နိုင်ငံရေးခရီး" Year One: A Political Odyssey (2022) မှတ်တမ်း ရုပ်ရှင်ထဲမှာ အကဲဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတွေကနေတဆင့် (၄၅) ယောက်မြောက် သမ္မတ ဒေါ်နယ်ထရန့်ကို အားပေးထောက်ခံတဲ့ ရီပတ်ပလစ်ကန်တွေရဲ့ လွှတ်တော်စီးနင်းမှုလို ပရမ်းပဒါ အဖြစ်အပျက်တွေကြားက ကျမ်းသစ္စာကျိန်ဆိုခဲ့ရတာ၊ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုနှုန်း အမြင့်မားဆုံးကာလ Social distancing တွေ Lockdown တွေကြားက အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ရပုံတွေကို တွေ့မြင်ကြရမှာပါ။
ဘိုက်တန်အစိုးရ အဖွဲ့ဝင်တွေရဲ့ နိုင်ငံခြားရေးပေါ်လစီတွေ ချမှတ် အကောင်အထည်မှုတွေမှာဆိုရင်လည်း အာဖကန်နစ္စတန်ဖြစ်စဉ်နဲ့အတူ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မူဝါဒတွေမှာ မရှင်းလင်းတဲ့အပေါ် ဝေဖန် ထောက်ပြမှုတွေ မပါဝင်တဲ့အပြင် ရုရှားနဲ့ တရုတ်လို ရန်ဘက်နိုင်ငံတွေနဲ့ သံတမံရေးကိစ္စတွေမှာဆိုရင်လည်း “စိုတဲ့ လက် မခြောက်စေ” လိုတဲ့ အရာမျိုးတွေသာ တွေ့ရတာကြောင့် ဘိုက်တန်အစိုးရရဲ့ ဝါဒဖြန့်ချိရေးအဖြစ် ဝေဖန်ခံခဲ့ရတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။
Film Information
![](https://static.wixstatic.com/media/edcc10_3ddd5d64658a4271aca10ef15332feac~mv2.jpg/v1/fill/w_810,h_1200,al_c,q_85,enc_auto/edcc10_3ddd5d64658a4271aca10ef15332feac~mv2.jpg)
Original Title - Year One : A Political Odyssey (2022) (Burmese Subtitle)
Running time - 90 min.
Country - United States United States
Director - John Maggio
Music - Gary Lionelli
Cast - Documentary, Self: Joe Biden, Jen Psaki, Anthony Blinken, Adam Schiff, Lloyd Austin, Jake Sullivan, John Kerry, Ron Klain, Chris Coons, Jeff Zeints, Jim Jordan, William Burns
Producer - Ark Media, HBO
Genre - Documentary | Politics
OFFICIAL TRAILER [BURMESE SUBTITLE]
REVIEW ON MCN TV NEWS YOUTUBE CHANNEL
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး ယဉ်ကျေးမှုတွေနဲ့အတူ အိမ်ဖြူတော်ရဲ့ အစိုးရအဖွဲ့နဲ့ ဗျူရိုကရက်ယန္တရားတွကို ဘယ်လို ဖွဲ့စည်းလည်ပတ်တယ် ဆိုတာတွေကို "အတုမြင် အတတ်သင်" လေ့လာနိုင်ကြစေဖို့ သမ္မတ ဂျိုးဘိုက်တန်အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာစွမ်းဆောင်မှုတွေကို အကဲဖြတ်ထားတဲ့ "ပထမနှစ် - နိုင်ငံရေးခရီး" Year One: A Political Odyssey [2022] Documentary Film အကြောင်း ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။
WATCH FULL FILMS @ MCN TV PLUS MAX TELEGRAM CHANNEL
Title - Year One : A Political Odyssey (2022) (Burmese Subtitle)
Subtitle Info - Burmese Subtitle Translation By Google Translate API
TELEGRAM Link - https://t.me/mcntvplus/117
Comments