top of page

ကျူးဘားတော်လှန်ရေး အောင်မြင်ခြင်း နှစ်ပတ်လည်

ဒီကနေ့ (၁.၁.၂၀၂၀) ဟာ ကျူးဘားတော်လှန်ရေး အောင်မြင်ခြင်း ၆၁ နှစ် ပြည့်တဲ့နေ့ ဖြစ်တယ်။ ၁၉၉၉ ခုနှစ်က Jorge Martín ရေးခဲ့တဲ့ Cuba: 40 years on, defend the gains of the revolution! ကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။


လွန်ခဲ့တဲ့အနှစ် ၄၀၊ ၁၉၅၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ အထွေထွေသပိတ်ကြောင့် ကျူးဘားလူ့အဖွဲ့အစည်း တခုလုံး သွက်ချာပါဒလိုက်သွားပြီး အာဏာရှင် ဘတ်တစ်(စ်)တာကို တိုင်းပြည်ကနေ မောင်းထုတ်နိုင်ခဲ့တယ်။ ဖီဒယ်ကက်(စ်)ထရိုနဲ့ အားနစ်(စ်)တို ချေဂွေဗားရားတို့ ခေါင်းဆောင်တဲ့ “ဇူလိုင် (၂၆) လှုပ်ရှားမှု” ပြောက်ကျား တပ်ဖွဲ့တွေဟာ ရက်အနည်းငယ်အတွင်း ကျူးဘားမြို့တော် ဟဗားနားကို ဝင်စီးနိုင်ခဲ့တယ်။ လူထုတရပ်လုံးက တခဲနက် ထောက်ခံကြိုဆိုခဲ့ကြတယ်။ ကျူးဘားတော်လှန်ရေး အောင်ပွဲဆင်နိုင်ခဲ့တယ်။ ဒီတိုက်ပွဲရဲ့ လုပ်ငန်း စဉ်က ဘာဖြစ်ခဲ့သလဲ။ ဒီတော်လှန်ရေးရဲ့ လူမှုအခြေခံက ဘာလဲ။ ဒီပြသနာတွေကို နားလည်နိုင်ဖို့ အတိတ်ကို တချက်ပြန်ကြည့်ရအောင်။

ကျူးဘားကျွန်းကို အမေရိကန်က အချိန်မရွေး စစ်ရေးအရ ဝင်စွက်ဖက်ပိုင်ခွင့် အတိအလင်း ခွင့်ပြုထားသော ပလက်(ထ်) ပြင်ဆင်ချက်ဥပဒေကို ဝါရှင်တန်က အတည်ပြုပြီး ၁၉၀၂ ခုနှစ်မှာမှ ကျူးဘားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့တယ်။

စပိန်ဟာ ကျူးဘားကို ၁၈၉၈ ခုနှစ်မှာ လက်လွတ်လိုက်ရတယ်။ တချိန်က ကိုလိုနီအင်အားကြီး တိုင်းပြည်ဖြစ်တဲ့ စပိန်ရဲ့ လက်ကျန် ကိုလိုနီတိုင်းပြည် အနည်းငယ်ထဲက ကျူးဘားကို လက်လွှတ်လိုက်ရခြင်း ဖြစ်တယ်။ စပိန်က ကျူးဘားကို လက်လွှတ်လိုက်ရတယ်ပြောလို့ ကျူးဘားပြည်သူတွေ လွတ်လပ်ရေး ရသွားပြီ မဆိုလိုဘူး။ ကျူးဘားကျွန်းကို ကိုလိုနီအရှင်တယောက်ဆီကနေ နောက် ကိုလိုနီသမားတယောက်ဖြစ်တဲ့ အမေရိကန်ဆီ လွှဲပြောင်းလိုက်ခြင်းသာ ဖြစ်တယ်။ ၁၈၉၈ ခုနှစ်နောက် သုံးနှစ်ကြာအောင် အမေရိကန်က ကျူးဘားကို စစ်တပ်စွဲ သိမ်းပိုက်ထားပြီး၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့တယ်။ ကျူးဘားကျွန်းကို အမေရိကန်က အချိန်မရွေး စစ်ရေးအရ ဝင်စွက်ဖက်ပိုင်ခွင့် အတိအလင်း ခွင့်ပြုထားသော ပလက် (ထ်) ပြင်ဆင်ချက်ဥပဒေကို ဝါရှင်တန်က အ တည်ပြုပြီး ၁၉၀၂ ခုနှစ်မှာမှ ကျူးဘားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့တယ်။ နောက်ထပ်နှစ်ပေါင်း ၆၀ ကြာအောင် ကျူးဘားနိုင်ငံရေးကို အမေရိကန်က အဆုံးအဖြတ်ပြုခဲ့တယ်။ (၁၉၀၆၊ ၁၉၁၂၊ ၁၉၁၇၊ ၁၉၂၀၊ ၁၉၃၃) ခုနှစ်တွေမှာ အကြောင်းမျိုးမျိုးပြလို့ အမေရိကန်က ကျူးဘားကျွန်းဆီ စစ်အင်အား အလုံးအရင်း ပို့လွှတ်ခဲ့တယ်။

အမေရိကန်က ကျူးဘားကို ကိုလိုနီကျွန်ပြုရာမှာလည်း စပိန်ကိုလိုနီစနစ်အောက်မှာ ရှိခဲ့တဲ့ မြေယာပိုင်ဆိုင်မှုစနစ်အပေါ်မှာ အခြေခံထားတယ်။

ကျူးဘားလူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဘဝကို အမေရိကန်ကသာ အဓိကခြယ်လှယ် အုပ်စိုးထားခဲ့တယ်။ ဒီကျွန်းရဲ့ အဓိက ငွေဝင်လမ်းက ကြံစိုက်ပျိုးရေးဖြစ်တယ်။ မြောက်ဘက်က အင်အားကြီး အိမ်နီးချင်းဆီ ဈေးကောင်းကောင်းနဲ့ တင်ပို့ရောင်းချကြတယ်။ ကျူးဘားက သကြားစက်ရုံအများစုကို အမေရိကန် အရင်းရှင်ကုမ္ပဏီတွေက ပိုင်ဆိုင်ထားတယ်။ အလားတူပဲ၊ (လောင်စာဆီ၊ လျှပ်စစ်၊ တယ်လီဖုန်း စတဲ့ စတဲ့) စီးပွားရေးအချက်အချာ ကဏ္ဍတွေကိုလည်း အမေရိကန် အရင်းရှင်ကုမ္ပဏီတွေကပဲ ပိုင်ဆိုင်ထားတယ်။ အမေရိကန်က ကျူးဘားကို ကိုလိုနီကျွန်ပြုရာမှာလည်း စပိန် ကိုလိုနီစနစ်အောက်မှာရှိခဲ့တဲ့ မြေယာပိုင်ဆိုင်မှုစနစ်အပေါ်မှာ အခြေခံထားတယ်။ မြေရှင်ကြီးလက်တဆုပ်စာကပဲ မြေယာအများစုကို လက်ဝယ် ပိုင်ဆိုင်ထားပြီး လယ်သမားအများစုက မြေမဲ့ယာမဲ့ အလုပ်သမားဘဝရောက်နေရတဲ့ မြေယာပိုင်ဆိုင်မှုစနစ်ဖြစ်တယ်။ ၀.၁% သာရှိတဲ့ လုပ်ခင်း (ပိုင်ရှင်) တွေက မြေယာစုစုပေါင်းရဲ့ ၂၀% ကို ပိုင်ဆိုင်ထားပြီး၊ လုပ်ခင်း ၃၉% က မြေယာစုစုပေါင်းရဲ့ ၃.၃% သာ ပိုင် ဆိုင်နေတယ်။ (လက်တဆုပ်စာကပဲ မြေယာအများကြီး ပိုင်ဆိုင်နေကြောင်း တွေ့ရမယ်။)



ဒီအနေအထားမှာ နောက်ထပ် အကျိုးဖြစ်ထွန်းတဲ့ အုပ်စုဆိုလို့ ပေါ်ထွန်းစ၊ အင်အားချိနဲ့နေသေးတဲ့ ကျူးဘား ဘူဇွှာလူတန်းစားပဲရှိတယ်။ ကျူးဘားဘူဇွှာလူတန်းစားက အမေရိကန် လက်ခွဲကုမ္ပဏီတွေ မလုပ်တော့တဲ့ ကဏ္ဍလေးတွေမှာပဲ ဝင်ထုတ်နိုင်ကြသေးတယ်။


အဲဒီကာလ ကျူးဘားလူထုရဲ့ လူနေမှုဘဝကတော့ စုတ်ပြတ်သတ်လို့။ ချောင်လည်တယ်ဆိုတဲ့ နှစ်တွေမှာကို အလုပ်လက်မဲ့ နှုန်းထားက ၂၅% ရှိတယ်။ ဆိုးရွားတဲ့နှစ်တွေမှာဆို ၅၀%အထိ ရှိတယ်။ စာမတတ်သူဦးရေက ဒု နဲ့ဒေး။ နိုင်ငံသားတယောက် တနှစ်ပျမ်းမျှဝင်ငွေက ၃၁၂ ဒေါ်လာသာ ရှိတယ်။ (အမေရိကန်၊ ဒဲလဝယ် ပြည်နယ်မှာ ၂၂၇၉ ဒေါ်လာ ရှိခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ပါ)။


ကျူးဘားကွန်မြူနစ်ပါတီဟာ တကယ်မရှိတဲ့ “တိုးတက်သော အမျိုးသားအရင်းရှင်လူတန်းစား” ကိုရှာဖွေရင်း ဘတစ်(စ်)တကို အဲဒီလူတန်းစား ကိုယ်စားလှယ်အဖြစ် ရှာဖွေတွေ့ရှိသွားပြီး၊ ထောက်ခံအားပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ကျူးဘားအလုပ်သမားလူတန်းစားဟာ နယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အရေးကြီး အခန်းကဏ္ဍကနေ နှစ်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့တယ်။ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတယ်။ အလုပ်သမားထု ချီတက်ပွဲကြီးတွေ၊ သပိတ်လှိုင်းလုံးကြီးတွေ အပြင်းအထန် ဆင်နွှဲခဲ့ကြတယ်။ အထူးသဖြင့် ၁၉၃၀ ပြည့်နှစ်တွေမှာ လက်နက်ကိုင်အုံကြွမှုတွေ ဆင်နွှဲခဲ့ပြီး သကြားစက်ရုံတွေမှာ တော်လှန်ရေးကောင်စီတွေ ထူထောင်ထားနိုင်ခဲ့တယ်။ အလုပ်သမားလူတန်းစားရဲ့ ဒီတိုက်ပွဲတွေကြောင့် စစ်ဗိုလ်ချုပ် Machado အမေရိကန် ရုပ်သေးအစိုးရကို ဖြိုချနိုင်ခဲ့တယ်။ ဒီနောက်မှာ Fulgencio Batista ခေါင်းဆောင် ပြီး စစ်တပ်က အာဏာသိမ်းခဲ့တယ်။


စတာလင်ဝါဒ

ကျူးဘားအလုပ်သမားလူတန်းစားရဲ့ တော်လှန်ရေး အင်အားကို အခြေပြုရမယ့်အစား ကျူးဘား ကွန်မြူနစ်ပါတီက စတာလင်ဝါဒ “နှစ်ဆင့်” သဘောတရားကို ကိုင်စွဲခဲ့တယ်။ စတာလင်ဝါဒအရ ကွန်မြူနစ်ပါတီဟာ “နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီတော်လှန်ရေး” အဆင့်ကို ပထမဆုံး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ “တိုးတက်သော အမျိုးသားအရင်းရှင်လူတန်းစား” ဆိုတာနဲ့ မဟာမိတ် ပြုရလိမ့်မယ်။ ဒီအဆင့်ကို အောင်မြင်မှသာ ဆိုရှယ်လစ်တိုက်ပွဲကို စဉ်းစားကြရမယ်။ (၁၃၀၀ ပြည့်အရေးတော်ပုံအပြီး ဗမာလက်ဝဲတွေက အဆင့် သုံးဆင့် ချမှတ်ခဲ့ကြပုံကို ပြန်လည်သုံးသပ်ကြည့်ပါ။ အမျိုးသားလွတ်လပ်ရေးအဆင့်၊ ဒီမိုကရေစီရေးအဆင့်၊ ဆိုရှယ်လစ်ရေး အဆင့်ဆိုတဲ့ အဆင့်သေ သုံးဆင့်သဘောတရားကို စောကြောကြည့်ဖို့ စကားချပ်ပြောပါရစေ။ - ဘာသာပြန် သူ)။ ဒီသဘောတရားဟာ ကျူးဘားမြေပြင်အခြေအနေနဲ့ လုံးဝကင်းကွာနေတယ်။ တကယ်တော့ စတာလင်ဝါဒဟာ ကိုလိုနီတိုင်းပြည်တိုင်းက တကယ့်လူတန်းစား ဆက်နွှယ်ချက်တွေကနေ ကင်းကွာနေတယ်။ ကျူးဘားမြေရှင်ကြီးတွေနဲ့ ပေါ်ထွန်းစ ဘူဇွှာလူတန်းစားဟာ အမေရိကန် အရင်းရှင်နယ်ချဲ့နဲ့ တပူးတည်း ချည်နှောင် ထားပြီးသားဖြစ်သလို အမေရိကန်နယ်ချဲ့ လက်ဝေခံလည်းဖြစ်တယ်။ ကျူးဘား မြေရှင်ကြီးတွေနဲ့ ပေါ်ထွန်းစ ဘူဇွှာလူတန်းစားမှာ ဘူဇွှာတော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ဖို့ ရည်ရွယ်ချက် မရှိကြဘူး။ (မြေရှင်ကြီး စနစ်ဖျက်သိမ်းပြီး လယ်လုပ်သူလယ်ပိုင်ရေး၊ အမျိုးသားလွတ်လပ်ရေး စတာတွေဟာ ဘူဇွှာတော်လှန်ရေးက ကိုင်တွယ်ဖြေရှင်းရမယ့် အလုပ်တွေပဲ)။ ဒီတာဝန်တွေကိုသာ ထမ်းဆောင်လိုက်မယ်ဆိုရင် နယ်ချဲ့ကိုအမှီပြုထားတဲ့ ကျူးဘားဘူဇွှာလူတန်းစားနဲ့ မြေရှင်ကြီးတွေ ကိုယ်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ ဖြစ်မယ်။

တကယ့်အာဏာက အမေရိကန် နယ်ချဲ့သမားနဲ့ ပြည်တွင်းက နယ်ချဲ့လက်ဝေခံတွေဆီမှာ ရှိနေပြီး ဖောက်ပြန်တဲ့ အရပ်သားအစိုးရတွေ၊ စစ်အာဏာသိမ်းအစိုးရတွေက တောက်လျှောက်အုပ်ချုပ်လာတဲ့အခါ ကျူးဘားပြည်သူတွေကြား မကျေမနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်လာခဲ့တယ်။

ကျူးဘားကွန်မြူနစ်ပါတီဟာ တကယ်မရှိတဲ့ “တိုးတက်သော အမျိုးသားအရင်းရှင်လူတန်းစား” ကိုရှာဖွေရင်း ဘတစ်(စ်)တကို အဲဒီလူတန်းစား ကိုယ်စားလှယ်အဖြစ် ရှာဖွေတွေ့ရှိသွားပြီး၊ ထောက်ခံအားပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အပြန်အလှန်အားဖြင့် ဘတစ်(စ်)တ အာဏာရှင်စနစ်အောက်မှာ ကွန်မြူနစ်ပါတီကို တရားဝင် အသိအမှတ်ပြုပေးခဲ့တယ်။ ၁၉၄၂ ခုနှစ်မှာ ကွန်မြူနစ်ပါတီက အစိုးရဝန်ကြီး ၂ နေရာတောင် ရရှိခဲ့တယ်။


စစ်အာဏာရှင် ဘတစ်(စ်)တ ကို Grau San Martín ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ အစားထိုးခဲ့တယ်။ တဖန် ၁၉၅၂ ခုနှစ်မှာ ဘတစ်(စ်)တ က ဒုတိယတချီ စစ်အာဏာသိမ်းလိုက်ပြန်တယ်။ တကယ့်အာဏာက အမေရိကန် နယ်ချဲ့သမားနဲ့ ပြည်တွင်းက နယ်ချဲ့လက်ဝေခံတွေဆီမှာ ရှိနေပြီး ဖောက်ပြန်တဲ့ အရပ်သားအစိုးရတွေ၊ စစ်အာဏာသိမ်းအစိုးရတွေက တောက်လျှောက်အုပ်ချုပ်လာတဲ့အခါ ကျူးဘားပြည်သူတွေကြား မကျေမနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်လာခဲ့တယ်။ အရင်းရှင်ပေါက်စ လူတန်းစားကြားမှာကို မကျေမနပ်ဖြစ်မှုတွေ ပေါက်ဖွားလာတယ်။ လက်ဝါးကြီးအုပ် အရင်းရှင်လုပ်ငန်းကြီးတွေကြောင့် မရှူနိုင် မကယ်နိုင်ဖြစ်လာတဲ့ အသေးစား လုပ်ငန်းရှင် ထောင်းပေါင်းများစွာ၊ ပြည်ပအင်အားကြီးတိုင်းပြည်ရဲ့ ခြယ်လှယ်အုပ်စိုးမှုကို မကျေမချမ်း ဖြစ်လာတဲ့ ကျောင်းသားတွေ၊ အမေရိကန်နယ်ချဲ့ ကျောထောက်နောက်ခံပြု မြေရှင်ကြီးတွေကြောင့် ဘဝပျက်လာတဲ့ မြေယာအနည်းအကျဉ်းပိုင် လယ်သမားတွေဟာ တိုက်ပွဲထဲပါလာခဲ့ကြတယ်။ ၁၉၅၃ မှာ တိုးတက်သော ကျောင်းသားအစုနဲ့ ပညာတတ်အစုဟာ ကျူးဘားပြည်ရဲ့ လက်ရှိအနေအထားကို အဆုံးသတ်ပစ်ဖို့ တခုခုတော့ လုပ်ကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ သူတို့စုရုံးရသမျှ နောက်လိုက်နောက်ပါ အနည်းငယ်နဲ့ ဇူလိုင် ၂၆ ရက်နေ့ မှာ Montcada စစ်တန်းလျားတွေကို စတင်တိုက်ခိုက်ခဲ့ကြတယ်။ ဒီထဲမှာ ဖီဒယ်(လ်)ကပ်(စ်)ထရိုနဲ့ သူ့ညီ ရော(လ်) တို့လည်း ပါခဲ့တယ်။ သူတို့တတွေ ရှူံးနိမ့်သွားပြီး အဖမ်းခံခဲ့ရတယ်။ ထောင်ကလွတ်တာနဲ့ မက်(ခ်)ဆီ ကို ဆီသွားကြပြီး “ဇူလိုင် (၂၆) လှုပ်ရှားမှု” ပြောက်ကျား တပ်ဖွဲ့တည်ဆောက်ရေးကို စောက်ချလုပ်ခဲ့ကြတယ်။ ကပ်(စ်)ထရိုတို့ ပြောက်ကျားတပ် ကျူးဘားပြည်တွင်းကို ၁၉၅၆ မှာ ဝင်လာခဲ့ကြတယ်။



ဒီလှုပ်ရှားမှုရဲ့ လုပ်ငန်းစဉ်က တော်လှန်သော အရင်းရှင်ပေါက်စ လုပ်ငန်းစဉ်ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်အရ မြေဧက ၁၁၀၀ အထက်ပိုင်ဆိုင်သူတွေကို လျော်ကြေးပေးပြီး မြေယာဝေခြမ်းရေး လုပ်မယ်၊ ပြည်တွင်းဈေးကွက် ကျယ်ပြန့်အားကောင်းလာစေဖို့ အလုပ်သမားထုအတွက် အမြတ်ဝေငှရေး အစီအစဉ် လုပ်ပေးမယ်၊ ကြံထုတ် လုပ်ရေးကို အမေရိကန် လက်ဝါးကြီးအုပ် အရင်းရှင်လုပ်ငန်းတွေ အုပ်စီးထားနိုင်အောင် စီစဉ်ထားတဲ့ ကိုတာ စနစ်ကို ဖျက်သိမ်းပစ်မယ်။ “ဇူလိုင် (၂၆) လှုပ်ရှားမှု” ၁၉၅၆ လုပ်ငန်းစဉ် ကြေညာချက်မှာ “ဒီမိုကရေစီစံနှုန်းတွေ၊ အမျိုးသားရေးဝါဒနဲ့ လူမှုတရားမျှတရေး… ဂျက်ဖာဆန်ဝါဒ ဒီမိုကရေစီတို့ရဲ့ လမ်းညွှန်မှုအတိုင်း” လို့ ဖော် ပြထားတယ်။ ဒီလုပ်ငန်းစဉ်ကြေညာချက်မှာပဲ “တိုင်းပြည်ရဲ့ ကုန်ထုတ်အင်အားစု တိုးတက်လာစေရေး အရင်းနဲ့ လုပ်အားကြား သဟဇာတဖြစ်မှု၊ စည်းလုံးညီညွတ်မှုရှိတဲ့အခြေအနေ” ကို ရည်ရွယ်ထားကြောင်း ဖော်ပြထား တယ်။


သုံးနှစ်ကြာ ပြောက်ကျားစစ်ကို သူရဲကောင်းပီသစွာ တိုက်ခဲ့ကြတယ်။ ကျူးဘားလူထုရဲ့ တခဲနက်ထောက်ခံမှု ကို ရခဲ့ကြတယ်။ အမေရိကန် နယ်ချဲ့စနစ်ရယ်၊ မြေရှင်ကြီးတွေရယ်နဲ့ တိုက်ရိုက်ချည်နှောင်ထားခံရတဲ့ လက် တဆုပ်စာ လူတန်းစားကတော့ ထောက်ခံအားပေးခြင်းမရှိခဲ့ပေ။ ဒီလှုပ်ရှားမှုရဲ့ အဓိက အခြေပြု အင်အားက ကျေးလက်နေ မြေမဲ့ယာမဲ့ လယ်သမားထုနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းရှင်လေးတွေဖြစ်တယ်။ သူတို့ကြုံ တွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ တခုတည်းသော လမ်းက မြေရှင်ကြီးတွေရဲ့ လက်ဝါးကြီးအုပ် သိမ်း ပိုက်ထားမှုကို အကြမ်းဖက် ပြန်သိမ်းပိုက်ရေးပဲ။ လယ်သမားအများစုနဲ့ တည်ဆောက်ထားတဲ့ ဘတစ်(စ်)တ စစ် တပ်ဟာ ဒီတိုက်ပွဲအတွင်း မြန်မြန်ဆန်ဆန် ပြိုကွဲသွားခဲ့တယ်။


ရပ်ရှားလို ခေတ်နောက်ကျတိုင်းပြည်တခုမှာ အမျိုးသား လွတ်မြောက်ရေး ဒီမိုကရေစီတော်လှန်ရေးကို အလုပ်သမားလူတန်းစားကသာ ဦးဆောင်ဆင်နွှဲနိုင်တယ်လို့ ဘော်ရှီဗစ်တွေက ပြတ်ပြတ်သားသား တင်ပြခဲ့တယ်။ (အဲဒီကာလမှာ အလုပ်သမားလူတန်းစားက လူဦးရေရဲ့ ၁၀% ထက်မကျော်သေးဘူး။ အရေအတွက် နည်းခြင်းက အဓိကမကျဘူး)။

၁၉၅၉ခုနှစ် ဇန်နဝါရီလမှာ ကျူးဘားတပြည်လုံး အထွေထွေသပိတ်ဆင်နွှဲဖို့ ကြေညာလိုက်တယ်။ ဘတစ်(စ်)တ ကျူးဘားကနေ တချိုးတည်းလစ်ပြေးရတော့တယ်။ ကပ်(စ်)ထရိုရဲ့ ပြောက်ကျားတပ်တွေဟာ Santiago de Cuba ကို ချဉ်းနင်းဝင်ရောက်လာခဲ့တယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ Havana ကို ဝင်စီးနိုင်ခဲ့တယ်။ အစိုးရ အသစ်ကို ထူထောင်လိုက်တယ်။ အာဏာသိမ်းပြီးကာစက ကပ်(စ်)ထရို အမေရိကန်ကို ချစ်ကြည်ရေးခရီး သွား ရင်း နျူးယော့ခ်မှာ အခုလို ကြေညာခဲ့တယ်။ “ငါတို့ဟာ ကွန်မြူနစ်တွေ မဟုတ်ဘူးဆိုတာကို အတိအလင်း ပြောထားမယ်… ကျူးဘားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးမယ့် ပုဂ္ဂလိက အရင်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို တံခါးဖွင့်ကြိုဆိုလျက်ပါ။


ပြသနာက တိုးတက်သော ပြုပြင်ပြောင်းလဲမှုတွေ အကန့်အသတ်နဲ့သာ လုပ်မယ့် လုပ်ငန်းစဉ်သည်ပင် အမေရိ ကန် နယ်ချဲ့အကျိုးစီးပွား၊ မြေရှင်ကြီးတွေရဲ့ အကျိုးစီးပွားနဲ့ ထိပ်တိုက်တိုးခဲ့ရတယ်။ တနည်းဆိုရရင် နယ်ချဲ့ စနစ် ဗိုလ်ကျကြီးစိုးနေတဲ့ ကာလမှာ ခေတ်နောက်ကျ တိုင်းပြည်တပြည်အတွင်း ဘူဇွှာ ဒီမိုကရေစီတော်လှန်ရေး လုပ်ငန်းစဉ်လောက် အကောင်အထည်ဖော်ခြင်းသည်ပင် အရင်းရှင်စနစ်နဲ့ နယ်ချဲ့စနစ်ကို တိုက်ရိုက်စိန် ခေါ်လိုက်ရာ ရောက်တယ်။ ဒီအချက်ကို ၁၉၁၇ ခုနှစ် ရပ်ရှားတော်လှန်ရေးက လက်တွေ့ အခိုင်အမာ သက်သေ ထူခဲ့ပြီး ဖြစ်တယ်။ ရပ်ရှားလို ခေတ်နောက်ကျတိုင်းပြည်တခုမှာ အမျိုးသား လွတ်မြောက်ရေး ဒီမိုကရေစီတော်လှန်ရေးကို အလုပ်သမားလူတန်းစားကသာ ဦးဆောင်ဆင်နွှဲနိုင်တယ်လို့ ဘော်ရှီဗစ်တွေက ပြတ်ပြတ်သားသား တင်ပြခဲ့တယ်။ (အဲဒီကာလမှာ အလုပ်သမားလူတန်းစားက လူဦးရေရဲ့ ၁၀% ထက်မကျော်သေးဘူး။ အရေအတွက် နည်းခြင်းက အဓိကမကျဘူး)။


ဆိုရှယ်လစ်တော်လှန်ရေး

အလုပ်သမားလူတန်းစားဟာ တခြားအဖိနှိပ်ခံလူတန်းစားတွေ (အထူးသဖြင့် လယ်သမားထု) ရဲ့ တပ်ဦးကနေ ဦးဆောင် အာဏာရယူပြီးတဲ့အခါ ဆိုရှယ်လစ်တော်လှန်ရေးရဲ့ လုပ်ငန်းတွေကို တဆက်တည်း အကောင်အ ထည်ဖော်သွားလိမ့်မယ်။ ဒီလို ဆိုရှယ်လစ်တော်လှန်ရေးရဲ့ လုပ်ငန်းတွေကို တဆက်တည်း အကောင်အထည် ဖော်သွားမှသာ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ဆက်လက်ရှင်သန်စေနိုင်မယ်။ အမျိုးသားလွတ်မြောက် ရေး ဒီမိုကရေစီတော်လှန်ရေးဟာ နယ်ချဲ့အကျိုးစီးပွားတွေကို တိုက်ရိုက်ထိပါးလာတဲ့အခါ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရှေ့တန်းရောက် အရင်းရှင်တိုင်းပြည်တွေက အားကောင်း လှတဲ့ အလုပ်သမားလူတန်းစားရဲ့ နိုင်ငံတကာ သွေးစည်းမှု အကူအညီကို ရယူဖို့လိုအပ်လာတယ်။ တော်လှန် ရေးဟာ တိုင်းပြည်တပြည်ထဲတင်မကပဲ နိုင်ငံတကာကို ပျံ့နှံ့သွားရမယ်။ (စတာလင်ဝါဒလို Socialism in one country လုပ်ရင် သေသွားမယ်။ မာ့ခ်စ်ဝါဒဟာ အင်တာနေရှင်နယ်ဝါဒ ဖြစ်တယ်။ - ဘာသာပြန်သူ)


ကျူးဘားမှာ ကပ်(စ်)ထရို အာဏာသိမ်းပြီး ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေက အထက်ပါ သဘောတရားကို အခိုင်အ မာ အတည်ပြုပေးလိုက်တယ်။ (နယ်ချဲ့စနစ်အောက် ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေမှာ အလုပ်သမား လူ တန်းစားက တပ်ဦးကနေ ကျန်အဖိနှိပ်ခံ၊ သွေးစုပ်ခံ လူတန်းစားတွေကို ဦးဆောင်ပြီး အမျိုးသားလွတ်မြောက် ရေး ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွှဲရမယ်၊ အာဏာသိမ်း (ဝါ) ပစ္စည်းမဲ့အာဏာရှင်စနစ် ထူထောင်ပြီး ဆိုရှယ်လစ်တော်လှန်ရေး တာဝန်တွေကို တဆက်တည်း အကောင်အထည်ဖော်သွားရမယ်) ဆိုတဲ့ သဘော တရား မှန်ကန်ကြောင်း ပိုပြီး ထင်ရှားပေါ်လွင်သွားရတာက ကပ်(စ်)ထရိုကိုယ်တိုင် နဂိုသူရည်ရွယ်ထားတဲ့ လုပ် ငန်းစဉ်နဲ့ ဆန့်ကျင်ဘက် လုပ်ငန်းစဉ်ကို အခြေအနေအရ မဖြစ်မနေ အကောင်အထည် ဖော်လိုက်ရလို့ပဲ။


(တော်လှန်ရေးအပြီး ထူထောင်လိုက်တဲ့) အစိုးရအသစ်က မြေရှင်ကြီးတွေ (တချို့က အမေရိကန် ကုမ္ပဏီတွေ) ပိုင်တဲ့ မြေယာတွေကို စသိမ်းလိုက်တာနဲ့ မြေရှင်ကြီးတွေဘက်က တန်ပြန်ခုခံမှုတွေ လုပ်လာတယ်။ အမေရိ ကန်နယ်ချဲ့က မြေရှင်ကြီးတွေရဲ့ တန်ပြန်ခုခံမှုကို ထောက်ခံ ကူညီပေးတယ်။ တော်လှန်ရေးကြောင့် နိုးကြား တက်ကြွနေတဲ့ လူထုကလည်း မြေရှင်ကြီးတွေ လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတဲ့ မြေယာတွေ သိမ်းပိုက်ဖို့ အစိုးရကို တင်းတင်းကြပ်ကြပ် ဖိအားပေးတောင်းဆိုခဲ့ကြတယ်၊ စက်ရုံတွေကို ဝင်သိမ်းကြတယ်၊ သပိတ်တွေ ဆင်နွှဲကြတယ်။


ကျူးဘားကျွန်းပေါ်က (အမေရိကန် နယ်ချဲ့ပိုင်) လောင်စာဆီ ကုမ္ပဏီ သုံးခုက ရပ်ရှားကနေ ကျူးဘားဆီတင် သွင်းလာတဲ့ လောင်စာဆီတွေကို မချက်နိုင်ကြောင်း ဆန့်ကျင်ဆန္ဒပြကြတဲ့ ၁၉၆၀ခုနှစ်တွေမှာ ပဋိပက္ခအထွတ် အထိပ်ကို ရောက်ခဲ့တယ်။ ကျူးဘားအစိုးရက ဝင်ရောက်ကိုင်တွယ်ခဲ့ရတယ်။ (အမေရိကန် နယ်ချဲ့ပိုင်) လောင်စာဆီ ကုမ္ပဏီ သုံးခုကို အစိုးရထိန်းချုပ်မှုအောက် ထားခဲ့တယ်။ ဒီအခါ အမေရိကန်က လက်တုံ့ပြန်တဲ့အနေနဲ့ ကျူးဘားသကြားတင်သွင်းမှု ကိုတာကို ဖြတ်တောက်ပစ်ခဲ့တယ်။ ရပ်ရှားက ဝယ်ယူခဲ့တယ်။ ဒီနောက်မှာ ကျူးဘားအစိုးရက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ၊ တယ်လီဖုန်းကုမ္ပဏီ၊ လောင်စာဆီချက်လုပ်ရေး စက်ရုံနဲ့ သကြားစက်ရုံတွေကို ပြည်သူပိုင်သိမ်းခဲ့တယ်။ ကျူးဘားပြည်တွင်းက အမေရိကန်လက်ခွဲကုမ္ပဏီအားလုံးကိုလည်း ပြည်သူပိုင်သိမ်းလိုက်တယ်၊ နောက်ဆုံးမှာ ကျူးဘားပြည်တွင်းက အကြီးဆုံးကုမ္ပဏီတွေကိုလည်း ပြည်သူပိုင် သိမ်းခဲ့တယ်။ အမေရိကန်က ကျူးဘားနဲ့ ကုန်သွယ်ခွင့်ကို ပိတ်ပင်လိုက်ခြင်းအားဖြင့် လက်စားချေပြခဲ့တယ်။ တော်လှန်ရေးကနေ တက်လာတဲ့ အစိုးရသစ်ကို အမေရိကန် စစ်အင်အားသုံးပြီး ဖြိုချဖို့ ပြင်ဆင်ခဲ့တယ်။ ၁၉၆၁ ခုနှစ်မှာ နှစ်နိုင်ငံကြားက သံရေးတမန်ရေး လုံးဝ ပြတ်စဲသွားတယ်။


ကျနော်တို့ အထက်မှာ ဆွေးနွေးတင်ပြခဲ့သလိုပဲ ကပ်(စ်)ထရိုနဲ့ သူ့ရဲဘော်တွေမှာ ကျူးဘားပြည်တွင်း အရင်းရှင်စနစ်၊ မြေရှင်ကြီးစနစ်ကို အမြစ်ဖြတ်ဖို့ မရည်ရွယ်ခဲ့ဘူး။ အမေရိကန်နယ်ချဲ့ရဲ့ အမှားတွေ၊ ကျူးဘားလူထုရဲ့ ဖိအားတွေပေါင်းဆုံသွားပြီး ကုန်ထုတ်ပစ္စည်းတွေ ပြည်သူပိုင်သိမ်းတဲ့အဆင့် ရောက်ခဲ့ခြင်းဖြစ်တယ်။ ဒီနေရာမှာ အဓိကအကျဆုံးအချက်က အရင်းရှင်စနစ်အောက်မှာ ကျူးဘားလူ့အဖွဲ့အစည်းကို အခြေခံကျကျ ပြောင်းလဲမှု ဘာတခုမှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး ဆိုတာပဲ။ နယ်ချဲ့စနစ်ခေတ်မှာ ကိုလိုနီဘဝ ရောက်နေတဲ့ တိုင်းပြည်လေးတွေအနေနဲ့ အရင်းရှင်စနစ်ကို မဖြိုဖျက်ဘဲ စစ်မှန်တဲ့ လွတ်လပ်ရေးကို မရနိုင်ဘူး၊ ခေတ်နောက်ကျ တိုင်းပြည်အဖြစ်ကနေ ဖွံ့ဖြိုးတိုးတက်မလာနိုင်ဘူး။ (အရင်းရှင်စနစ်ကို မထိပါးဝံ့ဘဲ နယ်ချဲ့နဲ့ စေ့စပ် အပေးအယူလုပ် လွတ်လပ်ရေးကြေညာခဲ့တဲ့ ဗမာပြည် ဒီကနေ့ ဘယ်အနေအထား ရောက်နေသလဲ သုံးသပ် ကြည့်ရင် ဒီအချက်ကို အထင်အရှားတွေ့ရမယ်။ -- ဘာသာပြန်သူ)။


အုပ်စိုးသူလူတန်းစားကို ဖြိုချ

ဘတစ်(စ်)တ ကို ဖြိုချပစ်ရာမှာ ကျူးဘားကွန်မြူနစ်ပါတီအနေနဲ့ ဘယ်နေရာကမှ ဟုတ်တိပတ်တိ မပါခဲ့ဘူး။ ကျူးဘားကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ဘော်ရှီဗစ် သဘောတရားနဲ့ ဆန့်ကျင်ဘက် နှစ်ဆင့် သဘောတရားမှာ အမြစ်တွယ်နေလို့ပဲ။ ကပ်(စ်)ထရိုကိုတောင် ဂန်းစတား တယောက်အဖြစ် ကျူးဘားကွန်မြူ နစ်ပါတီက အပုပ်ချခဲ့တယ်။


(တော်လှန်ရေးအပြီး ထူထောင်လိုက်တဲ့) အစိုးရအသစ်ကို လူထုထောက်ခံမှု တခဲနက်ရှိခဲ့တယ်ဆိုတာကို နည်း နည်းလေးမှ သံသယဖြစ်စရာမရှိဘူး။ အလုပ်သမား၊ စစ်သား နှစ်သိန်းလောက်ကို ပြည်သူ့စစ်တပ်အနေနဲ့ ထူ ထောင်ခဲ့တယ်။ တော်လှန်ရေးကို ကာကွယ်ဖို့ ကော်မတီတွေ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ဖွဲ့စည်းထားခဲ့ တယ်။ ဒီလို စုစည်းပြင်ဆင်ထားလို့ပဲ ၁၉၆၁ ခုနှစ် ဧပြီလထဲ စီအိုင်အေ စပွန်ဆာပေးထားတဲ့ ကျူးကျော်ဝင် ရောက်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူ့တပ်ကို အပြတ်အသတ် ချေမှုန်းပစ် နိုင်ခဲ့တယ်။ အလုပ်သမားလူတန်းစား၊ လယ်သမားလူတန်းစားအနေနဲ့ သူတို့ဘဝမှာ ပထမဆုံးအကြိမ် ခုခံကာ ကွယ်စရာ၊ တိုက်ခိုက်စရာ၊ အသက်ပင်စတေးဖို့ရာ တစုံတခုရှိခဲ့ပြီ။ (အလုပ်သမား၊ လယ်သမားလူတန်းစားတို့ ရဲ့ဘဝတွေကို လွတ်မြောက်စေမယ့် တော်လှန်ရေးအောင်သီးအောင်ပွင့်ကို အသက်သေချင်သေပါစေ ခုခံကာ ကွယ် တိုက်ခိုက်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုလို။)


တော်လှန်ရေးရဲ့ အကျိုးကျေးဇူးတွေကို လူတိုင်း မျက်မြင်ကိုယ်တွေ့ဖြစ်နေတဲ့အတွက် ကျူးဘားတော်လှန်ရေး ကို အဖိနှိပ်ခံလူထုက တခဲနက် ထောက်ခံခဲ့ကြတယ်။ လူထုရဲ့ လူနေမှုအဆင့်အတန်း အင်မတန် တိုးတက် မြှင့် မားလာခဲ့တယ်၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေထဲက တခုကို ကျူးဘားလူထု ခံစားလာရတယ် စတဲ့ စတဲ့ တော်လှန်ရေး အသီးအပွင့်တွေကို လူတိုင်း ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတယ်။ ဒါ ပေမယ့် အလုပ်သမားလူတန်းစားရဲ့ ထိန်းချုပ်မောင်းနှင်မှု၊ စီးပွားရေးနဲ့ နိုင်ငံတော်အစိုးရယန္တရားကို အလုပ်သ မားထုက ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှု ရှိမနေရင် ဆိုရှယ်လစ်စနစ်ကို အကောင်အထည်မဖော်နိုင်ဘူး၊ ဗျူ ရိုကရေစီ အားကောင်းလာပြီး အုပ်ချုပ်မှုအလွဲအမှားတွေ မလွဲမသွေ ပေါ်ထွက်လာမယ်။ ဒါဟာ ဆိုဗီယက်ပြည် ထောင်စု ပြိုကွဲသွားရခြင်းကနေ ထုတ်နှုတ်ယူရမယ့် အရေးကြီးဆုံး သင်ခန်းစာတွေထဲက တချက်ပဲ။


အစိုးရအသစ် ဘယ်လိုအာဏာရယူခဲ့သလဲ ဆိုတဲ့အချက်က ပေါ်ပေါက်လာတဲ့ အစိုးရအသစ် ဖွဲ့စည်းတည် ဆောက်မှုကို ပုံသွန်းလောင်းပေးတယ်။ အလုပ်သမားလူတန်းစားဟာ ကုန်ထုတ်ဖြစ်စဉ်အတွင်း သူရောက်နေတဲ့ အနေအထား၊ အလုပ်ခွင်အခြေအနေတွေကြောင့် collectivist အမြင် ရယူနိုင်စွမ်းရှိတဲ့ တခုတည်းသော လူ တန်းစားပဲ။ ရပ်ရှားတော်လှန်ရေးဖြစ်စဉ်အတွင်းမှာ သိန်းနဲ့ချီတဲ့ အလုပ်သမား၊ လယ်သမား၊ စစ်သားတွေဟာ ဆိုဗီယက်တွေ၊ တော်လှန်ရေးကော်မတီတွေကနေ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်လုပ်ကိုင်ခြင်းကို လေ့ကျင့် သင် ကြားခဲ့ကြတယ်၊ သူတို့ဘဝတွေကို သူတို့ကိုယ်တိုင်မောင်းနှင်ဖို့လည်း ယုံကြည်မှုတွေ ရခဲ့ကြတယ်။


ဒါပေမယ့် ကျူးဘားတော်လှန်ရေးကိုတော့ လက်တဆုပ်စာ ပညာတတ်တွေက ဦးဆောင်ခဲ့ကြတယ်၊ တိုက်ပွဲ ဖြစ်စဉ်အတွင်းမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ လူနည်းစုကပဲ ပါဝင်လှုပ်ရှားခဲ့တယ်။ လူထုက ဒုတိ ယနေရာကသာ ပါဝင်ခဲ့ကြတယ်။ တော်လှန်ရေးအပြီးမှာလည်း ဒီအခြေအနေအတိုင်းပဲ ဆက်ရှိနေတယ်။ ကျူး ဘားမှာ အလုပ်သမား၊ လယ်သမားတွေကို လက်နပ်တပ်ဆင်ထားတဲ့ စစ်တပ်နဲ့ တော်လှန်ရေး ကော်မတီတွေ တော့ရှိပါရဲ့၊ ဒါပေမယ့် ဒီအလုပ်သမား၊ လယ်သမားလူတန်းစားက သူတို့ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရတာမျိုး မဟုတ်ဘဲ အထက်က ဆုံးဖြတ်ထားသမျှ နာခံ လုပ်ဆောင်ရုံမျှသာ ဖြစ်နေတယ်။ သိန်းနဲ့ချီတဲ့ လူတွေက အ ထက်က ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေ စုနားထောင်ရုံသာဖြစ်တယ်။ သူတို့ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ပါ ဝင် ဆုံးဖြတ် လုပ်ရတာမျိုးမဟုတ်ဘူး။


ကျူးဘားအစိုးရက အရင်းရှင်စနစ်ကို ဖြိုချတဲ့အချိန်မှာ သူနမူနာယူရတာက ၁၉၁၇ခုနှစ်က ရပ်ရှားဆိုဗီယက် ဒီ မိုကရေစီ မဟုတ်တော့ဘူး။ အလုပ်သမားလူတန်းစားရဲ့ ထိန်းချုပ်မှုအားလုံးကို သုတ်သင်ရှင်းလင်းပြီးတာ ကြာ ခဲ့ပြီဖြစ်တဲ့ ၁၉၆၁ ရပ်ရှားကို နမူနာယူရတာ ဖြစ်နေတယ်။ ၁၉၆၅ မှာ ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့ပြီး ပါတီရဲ့ ပထမကွန်ဂရက်ကို ဆယ်နှစ်ကြာ ၁၉၇၅ ကျမှ လုပ်နိုင်ခဲ့တာကို ကြည့်ရင်ပဲ ဒီအချက်ကို တွေ့ရမယ်။


ရှားပါးပြတ်လပ်မှု

(အလုပ်သမားလူတန်းစား) ဒီမိုကရေစီကင်းမဲ့မှုနဲ့ (အမေရိကန် နယ်ချဲ့ရဲ့ ကုန်သွယ်ရေးပိတ်ပင်မှုကြောင့်) အခြေခံ စားသောက်ကုန်တွေ ရှားပါးပြတ်လပ်မှုဖြစ်လာတဲ့အခါ မျိုးဆက်သစ်လူငယ်တွေကြား သံသယတွေ တိုးပွားလာတယ်။ မြေရှင်ကြီးစနစ်နဲ့ နယ်ချဲ့စနစ်ရဲ့ ဗိုလ်ကျသွေးစုပ်မှုဒဏ် ကောင်းကောင်းကြီး ခံခဲ့ရတဲ့ လူကြီးတွေကတော့ အစိုးရကို သစ္စာစောင့်သိကြတယ်။ အိမ်နီးချင်းတိုင်းပြည်တွေကို တချက်စောင်းငဲ့ကြည့်လိုက်တာနဲ့ အရင်းရှင်စနစ်ကိုသာ ပြန်ရောက်သွားရင် သူတို့ဘဝတွေ ဘယ်လိုဖြစ်သွားမယ်ဆိုတာ ဘဝနဲ့ရင်း သိထားကြ တယ်။


တကမ္ဘာလုံးက ဆိုရှယ်လစ်တွေမှာ ကျူးဘားတော်လှန်ရေးကို အမေရိကန် နယ်ချဲ့မဖျက်စီးနိုင်အောင် ခုခံ ကာ ကွယ်ရမယ့် တာဝန်ရှိနေတယ်၊ အလားတူပဲ ဥရောပ အရင်းရှင်စနစ်က ကျူးဘားကို တတိတိချင်း အရင်းရှင် စနစ် အသက်သွင်းလာတာကိုလည်း ဆန့်ကျင်တိုက်ဖျက်သွားရမယ့် တာဝန်ရှိတယ်။ တချိန်တည်းမှာပဲ စစ်မှန်တဲ့ အလုပ်သမားလူတန်းစား ဒီမိုကရေစီမရှိဘဲ ဆိုရှယ်လစ်စနစ်ကို အကောင်အထည်မဖော်နိုင်ကြောင်း ရှင်းပြရ မယ်၊ ဒါ့အပြင် ကျူးဘားကျွန်းတကျွန်းတည်းမှာပဲ ဆိုရှယ်လစ်စနစ်ကို မတည်ဆောက်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း တင်ပြရမယ်။ ကျူးဘားတော်လှန်ရေး အောင်သီးအောင်ပွင့်တွေကို ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင်ချက်ကတော့ ငါတို့တိုင်းပြည်တွေမှာ ဆိုရှယ်လစ်စနစ်အတွက် တိုက်ပွဲဝင်ခြင်းပဲ။



by : Jorge Martin (January 1999)

မေဆန် (မြန်မာပြန်သည်) (၁.၁.၂၀၂၀)


Ref : Source - 1

The Communist


In Defence of Marxism

留言

評等為 0(最高為 5 顆星)。
暫無評等

新增評等
bottom of page