ဗာဂျီးနီးယား (Virginia) ဝိတ်ခ်ဖီးလ် (Wakefield) မှာ ၁၇၃၂ က ဂျော့ဝါ ရှင်တန် (George Washington) ကို မွေးဖွားခဲ့ပါတယ်။ စိုက်ခင်းကြီးရှင် လူချမ်းသာ တစ်ဦးရဲ့ သားဖြစ်လို့ အသက် နှစ်ဆယ်မှာ ကြီးမားတဲ့နယ်ကို အမွေရခဲ့ပါတယ်။ ဝါရှင်တန်ဟာ ၁၇၅၃ ကနေ ၁၇၅၈ အထိ စစ်မှုထမ်းခဲ့ပြီး ပြင်သစ်နဲ့ အင်ဒီးယန်း စစ်ပွဲတွေမှာ ပါဝင်တိုက်ခဲ့ဖူးတဲ့အွတက် စစ်ပွဲအတွေ့ အကြုံလည်းရှိတဲ့အပြင် တိုက်ခိုက်ရေးမှာ အောင်မြင်သူအဖြစ်နဲ့ ဂုဏ်သတင်း ထွက်လာခဲ့ပါတယ်။ ဇာတိ ဗာဂျီးနီးယားကို ၁၇၈၅ခုနှစ် ကုန်ဆုံးခါနီး ပြန်လာတဲ့အခါ စစ်ဗိုလ် အဖြစ်က နုတ်ထွက်ပြီး ဖြစ်ပါတယ်။ နောက်မကြာမီ ကြွယ်ဝချမ်းသာတဲ့ ကလေးနှစ်ယောက် မိခင်၊ မုဆိုးမ မာသာဒဲန် ဒရစ်ခ်ျ ကပ်စ်တစ် (Martha Dandridge Custis) နဲ့ လက်ထပ်တယ်။ (သားသမီး မထွန်းကားပါ။) ဝါရှင်တန်ဟာ တစ်ဆယ့်ငါးနှစ်လုံးလုံး မိမိပိုင် စိုက်ခင်းကြီးကို နိုင်နိုင်နင်းနင်း စီမံ အုပ်ချုပ်ခဲ့ပါတယ်။
![](https://static.wixstatic.com/media/edcc10_0af6d05fb0ce4a82b48d4ccce19763f5~mv2.jpg/v1/fill/w_900,h_675,al_c,q_85,enc_auto/edcc10_0af6d05fb0ce4a82b48d4ccce19763f5~mv2.jpg)
ဗာဂျီးနီးယားနယ်က ပထမ ကွန်တီနင်တယ် ကွန်ဂရက် (The First Continental Congress ပထမအကြိမ် အမေရိကတိုက် တစ်ခုလုံး စည်းဝေးပွဲကြီး) ကို ၁၇၄၄ မှာ ကျင်းပတဲ့အခါ အင်္ဂလိပ် လက်အောက်ခံ ပြည်နယ်ွေတရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ွေတထဲမှာ သူ့ကိုလည်း အပါအဝင် တစ်ယောက် ဖြစ်တယ်ဆိုပြီး ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက် စေလွှတ်ခဲ့ပါတယ်။
ဒါပေမယ့် ‘ငါတို့ အမေရိက တိုက်သားတွေ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး ရယူမယ်’ ဆိုပြီး စတင် ၁၇၇၅ ဒုတိယ ကွန်တီနင်တယ် ကွန်ဂရက်မှာ နောက်တစ်ကြိမ် ကိုယ်စားလှယ်အဖြစ် တက်ရောက် တဲ့အခါ သူ့ကို ကွန်တီနင်တယ် တပ်မတော်ကို ဦးစီးဖို့ ကန်ကွက်သူ မရှိ အများသဘောတူ ရွေးကောက် ခန့်ထားခဲ့ပါတယ်။ ကြွေးကြော်တဲ့လူတွေထဲမှာ သူမပါ။ ဒါပေမဲ့ ဇွန်လ သူဟာ စစ်ပွဲ အတွေ့အကြုံလည်း များတယ်။ စီးပွါးဥစ္စာလည်း ကြွယ်ဝတယ်။ (အရပ် ၆ ပေ ၂ လက်မရှိ) ခန့်ညားတဲ့ ဥပဓိရုပ် ရှိတာရယ်၊ ကျန်းမာရေး ကောင်းတာရယ်၊ စီမံအုပ် ချုပ်ဘက်မှာလည်း တော်တာရယ်၊ အဲဒါတွေအပြင် စာရိတ္တ ကောင်းတယ်၊ ကိုယ့် ရည်မှန်းချက်ကို မဖြစ်မနေ ဆောင်ရွက်နိုင်တဲ့အစွမ်း ရှိတယ်ဆိုတဲ့ အင်္ဂါရပ်တွေကြောင့် ဒီရာထူးမျိုးကို သူ့မှ မွေရးရင် ဘယ်သူ့ကို ရွေးမှာလဲ၊ သူ့ပဲ အထိုက်တန်ဆုံး ပုဂ္ဂိုလ် မဖြစ်ပေဘူးလားလို့ ဆိုနိုင်ပါတယ်။ စစ်တိုက်ခဲ့စဉ် လစာမယူဘူး။ လုံ့လဝိရီယမှာ စံပြအဖြစ် ကြိုးစားပြီး တာဝန်ထမ်းဆောင် သွားပါတယ်။
သူ့ကို စစ်ဘက်မှာ သိပ်တော်တယ်လို့ မပြောနိုင်၊ ထိပ်တန်း နာမည်ပေါက်တဲ့ မဟာအလက်ဇန္ဒား (Alexander the Great) လို၊ ဂျူးလီးယပ်စ်ဆီဇာ (Julius Caesar) လို စစ်ခေါင်းဆောင်ကြီးတွေနဲ့ နီးစပ်ဖို့ ဝေးပါတယ်။
ဝါရှင်တန်ရဲ့ အပြောင်မြောက်ဆုံး ဆောင်ရွက်ချက်တွေကို ဇွန် ၁၇၇၅ ကွန်တီနင်တယ် တပ်မတော်တွေရဲ့ ဗိုလ်ချုပ်ကြီး ဖြစ်တဲ့အချိန် ကစပြီး သမ္မတ ဒုတိယ သက်တမ်း ကုန်တဲ့ မတ် ၁၇၉၇ အတွင်းမှာ အထင်အရှားတွေ့နိုင်ပါတယ်။ ဗာဂျီးနီးယားဘာနွန်တောင် (Mount Vernon) နေအိမ်မှာ ဒီဇင်ဘာ ၁၇၉၉ မှာ ကွယ်လွန်ပါတယ်။
အမေရိကပြည်ထောင်စု တည်ထောင်တဲ့အခါ ဝါရှင်တန်ဟာ အကြီးမား ဆုံး နေရာက ပါဝင်ခဲ့ပုံကို ထင်ရှား စေတဲ့ အချက်ကြီး သုံးချက် ရှိပါတယ်။
ပထမ။ ။ သူဟာ အမေရိကန်လတ်လွပ်ရေးစစ် (American War Of Independence) မှာ အောင်မြင်တဲ့ စစ်ခေါင်းဆောင် ဖြစ်တယ်။ သူ့ကို စစ်ဘက်မှာ သိပ်တော်တယ်လို့ မပြောနိုင်၊ ထိပ်တန်း နာမည်ပေါက်တဲ့ မဟာအလက်ဇန္ဒား (Alexander the Great) လို၊ ဂျူးလီးယပ်စ်ဆီဇာ (Julius Caesar) လို စစ်ခေါင်းဆောင်ကြီးတွေနဲ့ နီးစပ်ဖို့ ဝေးပါတယ်။ သူ အောင်မြင်တာက သူတော်တာထက် သူ့ကိုလာတိုက်တဲ့ အင်္ဂလိပ်ဘက်က စစ်ဗိုလ်ွေတ အဆမတန်ညံ့လို့ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီအထဲမှာ တခြားအမေရိကန်စစ်ဗိုလ်ွေတ အကြီးအကျယ် ရှုံးတဲ့အခါမှာ ဝါရှင်တန်လည်း ခံရတဲ့ အလှည့်ရှိပါတယ်။ ဒါပေမယ့် သူ့အစွမ်းနဲ့ အခြေအနေကို ကိုယ့်ဘက်က သိပ်မနာအောင် ထိန်းနိုင်လို့ နောက်ဆုံးပိတ် အောင်မြင်ရပါတယ်။
ဂျော့ဝါရှင်တန်လို အရည်အချင်းကြီးပြီး စာရိတ္တကောင်းသူမျိုးကို ပထမသမ္မတ တင်မြှောက်နိုင်ခြင်းကို ကံကောင်း တယ်လို့ ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့ အာဖရိက ပြည်နယ်တွေရဲ့ သမိုင်းကို ပြန်ကြည့်ရင် ပွဲဦးထွက်မှာ အများပြည်သူ အစိုးရနဲ့စပြီး မကြာခင် လက်နက်ကိုင်တွေ စီမံအုပ်စီးတဲ့ အခြေအနေကို ကူးပြောင်းသွားတာ တွေ့ရတယ်။
ဒုတိယ။ ။ ဝါရှင်တန်ကို ဖွဲ့စည်းပုံ ဥပေဒပြု လွှတ်တော် (Constitutional Convention) ဥက္ကဋ္ဌ တင်မြှောက်တယ်။ အမေရိက ဖွဲ့စည်းပုံဥပေဒ ရေးဆွဲတော့ ဝါရှင်တန်ဟာ စိတ်ကူးအကြံဉာဏ် ဆိုတာ မျိုးတွေမှာ သူက ရှေ့ဆောင် မဟုတ်ပေမယ့် သူထောက်ခံတယ် ဆိုရင် သူ့ရဲ့ကြီးမားတဲ့ ဂုဏ်ရှိန်ကြောင့် ပြည်နယ် အစိုးရတွေက အလွယ်တကူ လက်ခံကြပါတယ်။ အဲဒီအခါက ဖွဲ့စည်းပုံဥပေဒသစ်ကို ကန့်ကွက်သူ မနည်းပါ။ ဝါရှင်တန်ရဲ့ ဩဇာ အရှိန်သာ မပါရင် အဲဒီဥပေဒကို ဧကန် အမှန်လက်ခံကြမယ်လို့ မပြောရဲပါ။
တတိယ။ ။ ဝါရှင်တန်က အမေရိကန် ပြည်ထောင်စုရဲ့ ပထမသမ္မတ ဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်လို အရည်အချင်းကြီးပြီး စာရိတ္တကောင်းသူမျိုးကို ပထမသမ္မတ တင်မြှောက်နိုင်ခြင်းကို ကံကောင်း တယ်လို့ ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့ အာဖရိက ပြည်နယ်တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင် ပွဲဦးထွက်မှာ အများပြည်သူ အစိုးရနဲ့စပြီး မကြာခင် လက်နက်ကိုင်တွေ စီမံအုပ်စီးတဲ့ အခြေအနေကို ကူးပြောင်းသွားတာ တွေ့ရတယ်။ အဲဒီအခြေအနေမျိုးမှာ ဝါရှင်တန်က အင်မတန် အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီး မူလ ချမှတ်တဲ့ပုံစံကို မတိမ်းမယိမ်းအောင် ထိန်းမယ်။ ကိုယ်တိုင်ကလည်း တန်ခိုးအာဏာကို အကြာအရှည် ယူထားလိုစိတ် မရှိ။ သူက မင်း၊ အာဏာရှင် ဆိုသူမျိုး မဖြစ်လို၊ အာဏာကို အေးအေး သာသာ လက်လွှတ်တဲ့ အစဉ်အလာလည်း သူကစပြီး ဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို ပြည်ထောင်စုမှာ ကနေ့အထိ ဖြစ်ပါတယ်။
![](https://static.wixstatic.com/media/edcc10_be02e44f394e44a38faf9b56dc08fac8~mv2.jpg/v1/fill/w_765,h_578,al_c,q_85,enc_auto/edcc10_be02e44f394e44a38faf9b56dc08fac8~mv2.jpg)
ဂျော့ဝါရှင်တန်ဟာ ဟိုခေတ်က တခြား အမေရိက ခေါင်းဆောင်ကြီးတွေေ ဖြစ်တဲ့ သောမတ်စ် ဂျက်ဖာဆန် (Thomas Jefferson)၊ ဂျိမ်းစ် မက်ဒီဆင် (James Madison)၊ အလက်ဇန္ဒား ဟမ်မိလ်တန် (Alexander Hamilton) နဲ့ ဘင်ဂျမင် ဖရန်ကလင် (Benjamin Franklin) တို့လို အတွေးအခေါ် ထိုးထွင်းဉာဏ် ကြီးမားတဲ့ ပုဂ္ဂိုလ်မဟုတ်ပါ။ ဒါပေမယ့် အခုပြောတဲ့ လူစွမ်းကောင်း ထက်မြက် သူတွေထက် သူကပိုပြီး အရေးပါတယ်။ ဝါရှင်တန်ဟာ စစ်အတွင်းမှာရော စစ်ပြီးငြိမ်းတဲ့ အခါမှာပါ ဝန်ထမ်းတွေကို ကောင်းကောင်း ထိန်းသိမ်း ကွပ်ကဲပြီး ရှေ့ဆောင်နိုင်တဲ့ ဂုဏ်သတ္တိကြီးမားသူပါ။ သူလို လူမပါရင် ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှ အောင်မြင်နိုင်မှာ မဟုတ်ပါ။ အမေရိကပြည်ထောင်စု ဖြစ်မြောက်လာမယ့် ဒီအရေးမှာ မက်ဒီဆင်က အရေးပါတယ်။ ဝါရှင်တန်ကတော့ ဒီအရေးမှာ မပါလို့ကို မရတဲ့လူ ဖြစ်ပါတယ်။
ဂျော့ဝါရှင်တန်က အမေရိကန်နိုင်ငံရေးမှာ ထင်ရှားသူမို့ ရောမရဲ့ ဩဂတ်စတပ်စ် ဆီဇာ (Augustus Caesar) နဲ့ ခပ်လွယ်လွယ် ယှဉ်ကြည့်မယ်ဆိုရင် ဒီကျော်စွာ ၁၀၀ စာရင်းမှာ သူတို့နှစ်ဦးဟာ အနီးအစပ်မှာပဲ ပါဝင်လာကြမှာ ဖြစ်ပါတယ်။
ဂျော့ဝါရှင်တန်ကို အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါပုံအပေါ် သမိုင်း အမြင်နဲ့ကြည့်ပြီး အခု ကျော်စွာ ၁၀၀ စာရင်းမှာ နေရာပေး ရတာ ဖြစ်ပါတယ်။ အဲဒီခေတ်က အမေရိကသားတွေဟာ ဘက်မလိုက်ဘဲ တန်ဖိုး အမှန်ကို ပြောနိုင်မယ် မထင်ပါ။ နောက် ၂၀ ရာစုနှစ်လယ် ရောက်လာတော့ အမေရိကန်ပြည်ထောင်စုဟာ စစ်အင်အားမှာရော၊ နိုင်ငံရေးဩဇာမှာပါ ရောမအင်ပါယာ ပိုင်ဆိုင်တဲ့ အင်အားနဲ့ ဩဇာထက် ပိုမိုကြီးမားပေမယ့် ရောမလောက် တန်ခိုးကြီးချိန် ကြာမြင့်မယ့် သဘောကို မတွေ့ရပါ။ တစ်ဖက်ကကြည့်ပြန်ရင် ပြည်ထောင်စုရဲ့ အစွမ်းနဲ့ (စက်မှုလက်မှု) အသိပညာပိုင်းက တိုးတက်ချက် တွေဟာ တခြားဓေလ့ (Culture) နဲ့ တခြားခေတ် (Times) တွေမှာ တန်ဖိုးသိပ်ကြီးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ၊ လေယာဉ်ပျံ တွီထင်ခြင်း၊ လကမ္ဘာကို လူလွှတ်ခြင်း ဆိုတာတွေလို ခေတ်အဆက်ဆက်က စိတ်ကူးယဉ်ခဲ့တာတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်တာတွေကို အဏုမြူနျူကလီးယား လက်နက် တွီထင် နိုင်ချိန်မှာ မသိချင်ပြုပြီး၊ အရေးမပါဘူးပြောလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။
ဂျော့ဝါရှင်တန်က အမေရိကန်နိုင်ငံရေးမှာ ထင်ရှားသူမို့ ရောမရဲ့ ဩဂတ်စတပ်စ် ဆီဇာ (Augustus Caesar) နဲ့ ခပ်လွယ်လွယ် ယှဉ်ကြည့်မယ်ဆိုရင် ဒီကျော်စွာ ၁၀၀ စာရင်းမှာ သူတို့နှစ်ဦးဟာ အနီးအစပ်မှာပဲ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ဆိုပါတော့၊ ဝါရှင်တန်ကို နည်းနည်း နိမ့်တဲ့ နေရာမှာ ပို့ထားရင် သူ့တန်ခိုးဩဇာရှိချိန်က သိပ်မရှည်လို့ ဒီလိုကွာတာဖြစ်မယ်လို့ ပြောရပါမယ်။ ပြီးတော့ (သောမတ်စ်ဂျ က်ဖာဆင် နဲ့ ဂျိမ်းစ် မက်ဒီဆင်) တို့က အမေရိကပြည်ထောင်စု ဖြစ်ပေါ်လာရေးမှာ အရေးပါတဲ့ အဆင့်က နေရာယူပြီးဖြစ်နေလို့ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝါရှင်တန်ဟာ မဟာအလက်ဇန္ဒားနဲ့ နပိုလီယံတို့ထက် အဆင့်မြင့်တယ်။ ဘာပြုလို့လဲဆိုတော့ သူ့ ဆောင်ရွက် ချက်က ပိုပြီး ရေရှည် ရေရှည် တည်တံ့ပါတယ်။
သန်းထွန်း 9, August, 2000
ဆက်လက် လေ့လာလိုသူများအတွက်
အမေရိကန်ပြည်ထောင်စုရဲ့ တည်ထောင်သူဖခင် (Founding Father) နဲ့ ပထမဆုံး သမ္မတကြီး ဂျော့ဝါ ရှင်တန် (George Washington) အကြောင်းနှင့် အမေရိကန် တော်လှန်ရေးစစ်ပွဲ (၁၇၇၅ - ၁၇၈၃) အကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ လိုသူတွေအတွက် Washington (2020) Mini-Series မှတ်တမ်းရုပ်ရှင် (Documentary Film) အကြောင်း Review အစီအစဉ်တွေနဲ့အတူ မြန်မာစာတမ်းထိုး မှတ်တမ်းရုပ်ရှင် အပြည့်အစုံကိုလည် ကြည့်ရှုနိုင်မယ် Telegram Link တွေကိုလည်း မျှဝေပေးထားလိုက်ပါတယ်။
YouTube - Review | Washington [2020] [Part-1-1]
YouTube - Review | Washington [2020] [Part-1-2]
YouTube - Review | Washington [2020] [Part-1-3]
YouTube - MCN'S SHOWBIZ - HAMILON MUSICAL (2020)
Washington (2020) Mini-Series (Burmese Subtitle) WATCH FULL FILMS
WATCH FULL FILMS @ MCN TV PLUS’S POST
[Watch Full Film @ https://t.me/mcntvplus ]
Season 1 - Episode 1 (ပထမပိုင်း)
[BurmeseSubtitle] [Warch @ Telegram mcntvplus Channel - https://t.me/mcntvplus/125 ]
Season 1 - Episode 2 (ဒုတိယပိုင်း)
[BurmeseSubtitle] [Watch @ Telegram mcntvplus Channel - https://t.me/mcntvplus/134 ]
Season 1 - Episode 3 (ဇာတ်သိမ်းပိုင်း)
[BurmeseSubtitle] [Watch @ Telegram mcntvplus channel https://t.me/mcntvplus/154 ]
Comments