အရင်က ဗမာပြည်နိုင်ငံရေးလောကမှာသိပ်မကြားရဖူးတဲ့ နိုင်ငံရေးအယူအဆ(ဝေါဟာရ) နဲ့ အဲဒီအယူအဆကို ကိုင်စွဲသူတွေ ခုတလော ပေါ်လာတာကို သတိထားမိကြမယ် ထင်ပါတယ်။ အဲဒါကတော့ ဆိုရှယ်ဒီမိုကရက် ဆိုတဲ့ဝေါဟာရပါ။
ပဒေသရာဇ်မင်းတွေမရှိတော့တဲ့ နောက် နိုင်ငံရေးအင်အားစု နဲ့လှုပ်ရှားမှုအမျိုးမျိုး လူးလွန့်လှုပ်ရှားလာခဲ့တဲ့နောက် ဗမာပြည် နိုင်ငံရေးလောကထဲကို ဆိုရှယ်လစ် ဆိုတဲ့ဝေါဟာရကို လူအမျိုးမျိုးပါးစပ်က ပုံစံအမျိုးမျိုးနဲ့ ကြားလာကြရပါတယ်။ ရုရှားကအောက်တိုဘာ တော်လှန်ရေးကြီးအောင်ပွဲခံလိုက်တဲ့ နောက် သူ့ခေါင်းမှာလည်းသပြေညို၊ ငါ့ခေါင်းမှာလည်း သပြေညို ဖြစ်ကုန်ကြတာထင်ပါရဲ့။
ဆိုရှယ်နီ၊ ဆိုရှယ်ဝါ၊ ဖဆပလထဲကဆိုရှယ်လစ်အင်အားစု စသဖြင့် ခွေးလှေးပျားတော အနှံ့ ပေါချင်တိုင်းပေါနေခဲ့တဲ့ ဆိုရှယ်လစ်စကားကို စစ်အာဏာရှင်ထိပ်သီးကြီး ဗိုလ်နေဝင်း ကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့လုပ်လိုက်တော့မှာ အားလုံးအော်ဂလီဆန် ကုန်ကြ တော့တာဖြစ် ပါတယ်။ ဒီလိုနဲ့စစ်အုပ်စုက ပဉ္စမအကြိမ်မြောက် အာဏာသိမ်းလိုက်တဲ့နောက် မှာ ဆိုရှယ်ဒီမိုကရက်ဆိုတာကြီး ပိုမြည်ဟည်းလာတာဖြစ်ပါတယ်။ ( ဒီအရင်ကတည်းက SD ဆိုတာ ပြောနေတာပါ။ သဘောတရားအရတော့ သိပ် မပြောနိုင်ပါဘူး။)
ဒီတော့ ဆိုရှယ်ဒီမိုကရက်ဆိုတာ ဘာကြီးလဲ စူးစမ်းချင်စရာဖြစ်လာတာပေါ့။ ဒီနေရာမှာ မြည်ဟည်းထွက်လာတယ်ဆိုလို့ ဒီအသံတွေဟာ တတိုင်းတပြည်လုံး တဒိန်းဒိန်းတဒိုင်းဒိုင်း ပေါ်ထွက်နေတဲ့ တော်လှန်ပြည်သူတွေရဲ့သေနတ်သံ၊ အမြောက်သံတွေကိုဖုံးလွှမ်းသွား တယ် လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီဗုံးသံ၊ သေနတ်သံတွေအကြားမှာ ခိုညည်းသံလိုလို ကြားလာရ တာကို ပြောတာပါ။
![](https://static.wixstatic.com/media/edcc10_87df15df7cc94deca7736805d253030b~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/edcc10_87df15df7cc94deca7736805d253030b~mv2.jpg)
ကမ္ဘာမှာဆိုရှယ်လစ်ဆိုတဲ့စကားဟာ ၁၈ရာစုနှစ်အကုန်၊ ၁၉ရာစုအစလောက်မှာ စက်မှု တော်လှန်ရေးရဲ့နောက်ဆက်တွဲအဖြစ် နိုင်ငံရေးလောကမှာ ပေါ်လာတာဖြစ်ပါတယ်။ စက်မှု တော်လှန်ရေးကြီးကြောင့် အလုပ်ရှင်တွေကြွယ်ဝချမ်းသာလာပြီး အလုပ်သမားတွေ ပိုလို့သာ ဆင်းရဲလာတဲ့ အနေအထားအောက်မှာ လူ့အဖွဲ့အစည်းရဲ့အနေအထားကိုပြောင်းလဲဖို့အ တွက် စဉ်းစားကြရင်း ထွက်လာတဲ့စဉ်းစားနည်း၊ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆို ရှယ်လစ်ဝါဒအရေးတော်ပုံကို လူတန်းစားပဋိပက္ခ၊ လူတန်းစားတိုက်ပွဲအဖြစ်ဖော်ထုတ်တာ ကတော့ ကားလ်မာ့က်စ်လက်ထက်မှသာဖြစ်ပါတယ်။ သူ့အရင်မှာပေါ်ထွက်ခဲ့တဲ့ စိန့်ဆိုင်မွန် (St. Simon)၊ ချားလ်စ်ဖိုးရီးယား(Charles Fourier)၊ ရောဘတ်အိုဝင်(Robert Owen) စသူ တွေကတော့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒသမားများစာရင်းထဲ ဝင်သွားကြပါတယ်။ သူတို့ အကြားမှာတယောက်နဲ့တယောက်မတူညီတာတွေ- ဥပမာစိန့်ဆိုင်မွန်က ထုတ်လုပ်မှုနဲ့ ဖြန့် ဝေမှုကိုနိုင်ငံတော်ကလုပ်သင့်တယ်လို့ပြောပြီး ဖိုးရီးယားနဲ့အိုဝင်တို့ကတော့ လူ့အဖွဲ့အစည်း ကို နိုင်ငံတော်အဆင့် ကြီးမားတဲ့အဖွဲ့အစည်းမဟုတ်ဘဲ သေးငယ်တဲ့ဘုံစုပေါင်းအဖွဲ့အစည်း လေးတွေ အဖြစ်ဖော်ထုတ်ရမယ်လို့ဆိုကြပါတယ်။ သူတို့အားလုံးမှာတူညီတာကတော့ လူ တန်းစားတိုက်ပွဲကိုငြင်းပယ်တာပါပဲ။ ဒီလိုနဲ့ ၁၉ရာစုနှစ်အစောပိုင်းမှာ ဖိုးရီးယားနဲ့ အိုဝင်တို့ ရဲ့နောက်ကလိုက်ပြီး ဥရောပနဲ့အမေရိကတိုက်တလွှားမှာ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းလေး တွေပေါ်ပေါက်လာခဲ့ပါတယ်။
၁၈၉၈ ခုနှစ်မှာ အက်ဒွပ်ဘန်းစတိန်း (Eduard Bernstein) က လူတန်းစားတိုက်ပွဲ မုချဖြစ်ရမယ်ဆိုတာကိုငြင်းပယ်ပြီး မာ့က်စ်ဝါဒကိုပြန်လည်ပြင်ဆင်တာတွေ လုပ်ပါတယ်။
ဒါပေမဲ့ ၁၈၄၀ခုနှစ်များမှာတော့ ဆိုရှယ်လစ်အစုထဲက လက်ဝဲကျပြီးတက်ကြွတဲ့လူတွေ က ကွန်မြူနစ်ဆိုတဲ့အသုံးအနှုန်းကို ဖော်ထုတ်သုံးစွဲလာကြပါတယ်။ ဒီအသုံးအနှုန်းကို အစောဆုံးအသုံးပြု သူတွေထဲမှာ မာ့က်စ်နဲ့အိန်ဂယ်တို့ပါပါတယ်။ ၁၈၄၈မှာတော့ သူတို့ဟာ ကွန်မြူနစ်ကြေညာစာတမ်းဆိုတာနဲ့ ကမ္ဘာကိုကွန်မြူနစ်ဝါဒ ကြေညာချပြလိုက်ပါတယ်။ သူ တို့က သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒကိုပါဖော်ထုတ်လိုက်ကြပြီး အရင်းနဲ့လုပ်အားအကြားမှာ မုချပေါ်ထွက်လာမယ့် တော်လှန်ရေးဆိုတဲ့ပဋိပက္ခနဲ့ ချီတက်ရေး( လူတန်းစားတိုက်ပွဲနဲ့ တော်လှန်ရေးလမ်းကြောင်း)ကို တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၈၄၈ခုနှစ်ထဲမှာပဲ ပြင်သစ်ကဖေဖော်ဝါရီတော်လှန်ရေးအပါအဝင် တော်လှန်ရေး အမြောက်အမြား ရှုံးနိမ့်သွား တာ၊ ရန်သူနဲ့စေ့စပ်သွားတာတွေကြောင့် ဆိုရှယ်လစ်-ကွန်မြူ နစ်အရှိန်အဟုန်ဟာ လျော့ဆင်းသွားပြီး နောက်ထပ် ဆယ်စုနှစ် နှစ်ခုအလွန် ၁၈၇၀ ခုနှစ် လောက်မှ အားကောင်း တဲ့ အင်အားစုတရပ်အဖြစ် ပြန်လည်ရပ်တည်နိုင်လာပါတယ်။ ဥရောပတိုက်မှာဆို ရှယ်လစ် ပါတီတွေများလွန်း၊ အားကောင်းလွန်းလို့ ဒုတိယအင်တာနေ ရှင်နယ်ဆိုတာကို ဖော်ထုတ် ခဲ့တဲ့အထိပါပဲ။ ဒါပေမဲ့ အဖုအထစ်မရှိ ချောမွေ့တဲ့လမ်းကြောင်းလို့တော့ မပြောနိုင်ပါဘူး။ ၁၈၉၈ ခုနှစ်မှာ အက်ဒွပ်ဘန်းစတိန်း(Eduard Bernstein)က လူတန်းစားတိုက်ပွဲ မုချဖြစ်ရမယ်ဆိုတာကိုငြင်းပယ်ပြီး မာ့က်စ်ဝါဒကိုပြန်လည်ပြင်ဆင်တာတွေ လုပ်ပါတယ်။ ဆိုရှယ်လစ်စနစ်ဆီကို အလိုအလျောက်ပြောင်းလဲသွားမယ်လို့တင်တာဖြစ်ပါ တယ်။
![](https://static.wixstatic.com/media/edcc10_f638fc99f07c4ebf97c04543231e7df2~mv2.jpg/v1/fill/w_800,h_920,al_c,q_85,enc_auto/edcc10_f638fc99f07c4ebf97c04543231e7df2~mv2.jpg)
အလိုအလျောက်ပြောင်းလဲရေးသမားတွေနဲ့တော်လှန်ပြောင်းလဲရေးသမားတွေအကြားက ပဋိပက္ခဟာ ကမ္ဘာအဝှမ်းက ဆိုရှယ်လစ်လှုပ်ရှားမှုအပေါ် ဂယက်ရိုက်ထိခိုက်တာတော့ ရှိပါတယ်။ ဂျာမနီမှာသာမက ဗြိတိန်နိုင်ငံတို့မှာလည်း မာ့က်စ်ဝါဒဟာ အားကောင်းတဲ့အင် အားစုတရပ်အဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။ ကားလ်ကောက်စကီ (Karl Kautsky ၁၈၅၄- ၁၉၃၈)ဆိုရင် မာ့က်စ်၊ အိန်ဂယ်တို့နဲ့ကာလတခုအတူနေခဲ့ပြီးနောက် ဘက်ပြောင်းသွား၊ မင်ရှိဗစ်ဖြစ်သွားခဲ့ပါတယ်။ သူဟာရုရှားနိုင်ငံမှာနေရင်း ပထမကမ္ဘာစစ်ကြီးပြီးတဲ့နောက် အောက်တိုဘာတော်လှန်ရေးကြီး အရှိန်ယူနေတဲ့ကာလမှာကိုပဲ သူဟာ မာ့က်စ်ဝါဒနဲ့ ဗြောင်.လမ်းခွဲပြီး အချောင်သမားတွေနဲ့ ပေါင်းသွားခဲ့ပါတယ်။ အဲဒီကာလတုန်းက ဥရောပနဲ့အမေရိကတိုက်တို့က ဆိုရှယ်လစ်ပါတီဆိုတာတွေအကြားမှာ အကွဲအပြဲတွေ အများအပြား ပေါ်ထွက်ခဲ့ပြီး အကြီးမားဆုံးကွဲပြဲမှုကတော့ ရုရှားနိုင်ငံမှာ ဘော်လ်ရှီဗစ်နဲ့ မင်ရှီဗစ်ရယ်လို့ကွဲသွားတာပါပဲ။
(၁၉၁၇ ဖေဖော်ဝါရီတော်လှန်ရေး ဖြစ်ပွားပြီး ပြည်တော်ပြန်လာတဲ့ လီနင်ရဲ ကျော်ကြားတဲ့ (ဧပြီစစ်တမ်း)မှာ မင်ရှီဗစ်တွေနဲ့လမ်းခွဲပြီး ရုရှားဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီကို ကွန်မြူနစ်ပါတီလို့ အမည်ပြောင်းဖို့ တင်ပြခဲ့ပါတယ်။)
ဘော်လ်ရှီဗစ်တွေဟာ ၁၉၁၇ ခုနှစ်တော်လှန်ရေးမှာအောင်ပွဲရပြီး ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကွန်မြူနစ်ပါတီ(CPSU-B-) လို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆိုရှယ် လစ်လို့ပဲခေါ်ခေါ်၊ ကွန်မြူနစ်လို့ပဲပြောပြော၊ တော်လှန်ရေးကိုစွဲကိုင်ထားသူတွေနဲ့ အလို အလျောက်ဖြစ်ပေါ်ရေးဝါဒ၊ ဒါမှမဟုတ် ဆိုရှယ်ဒီမိုကရက်တစ်ဝါဒကိုင်ဆွဲထားသူတွေဟာ လုံးဝသီးခြားစီဖြစ်တဲ့ အင်အားစုတွေဖြစ်သွားပါတော့တယ်။
ပထမကမ္ဘာစစ်ပြီးတဲ့နောက် ဥရောပနိုင်ငံရေးမှာ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ ခြေကုပ်ရသွားပါတယ် (အာဏာရတာတော့မဟုတ်ပါ)။ ဗြိတိန်၊ ဂျာမနီ၊ ဆွီဒင်၊ ဘယ်လ် ဂျီယမ်နဲ့နယ်သာလင်စတဲ့နိုင်ငံတွေမှာပါ။ ဒါ့အပြင်အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင် ငံတချို့ကိုလည်းပျံ့လာပါတယ်။ ဥပမာ အိန္ဒိယကဂျဝါဟာလာနေရူး။ နောင်မှာဗမာပြည်က ဦးကျော်ငြိမ်း၊ ဦးဗဆွေစသူတွေရဲ့ဆိုရှယ်လစ်ပါတီ။
![](https://static.wixstatic.com/media/edcc10_4d006ee2157b4f468bd3636cddd6e537~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/edcc10_4d006ee2157b4f468bd3636cddd6e537~mv2.jpg)
သူတို့တတွေရဲ့ဆိုရှယ်လစ်ဝါဒဆိုတာဟာ တည်ရှိနေတဲ့အရင်းရှင်အစိုးရအောက်မှာ တည်ရှိနေတဲ့ တရားမျှတမှုမရှိခြင်း၊ အမြတ်ခွဲဝေမှုမညီမျှခြင်းစတာတွေကိုတည်ရှိနေတဲ့ “ဥပဒေ”ဘောင်အတွင်းကနေပြုပြင်ပြောင်းလဲသွားမယ်ဆိုတာပါပဲ။ ဒီအယူအဆကိုင်စွဲတဲ့ ဆိုရှယ်ဒီမိုကရက်ပါတီတွေ ဥရောပအနောက်ပိုင်းနဲ့မြောက်ပိုင်းမှာ အများအပြားပေါ်ထွက်ခဲ့ ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ သူတို့အားလုံးဟာ ဆိုဗီယက်ဆန့်ကျင်ရေးကို အဓိကထားလုပ်ကြတော့တာပါပဲ။ ဆိုရှယ်လစ်စနစ်ရဲ့ကောင်းမွန်အားသာမှုတွေ ထင်ရှား လာတဲ့အခါမှာ တချို့ကတော့အရင်းရှင်စနစ်နဲ့ဆိုရှယ်လစ်စနစ်ကို ပေါင်းစပ်ကျင့်သုံးမယ်လို့ တောင်ပြောလာကြပါတယ်။ တချို့ပါတီတွေကတော့ ဆိုဗီယက်ယူနီယံပေါ်ပေါက်အောင် ဆင်နွှဲခဲ့တဲ့လမ်းကြောင်းမဟုတ်တဲ့ ဆိုရှယ်လစ်စနစ်၊ ဆိုရှယ်လစ်နိုင်ငံထူထောင်မယ်လို့ ပြောကြပါတယ်။
လက်တွေ့မှာကျတော့ အရင်းရှင်ပိုင်ဆိုင်မှုနဲ့လည်ပတ်မှုကို ဆုပ်ကိုင်ထား တဲ့ လူမှုပြုပြင်ရေး တွေသာဖြစ်ပါတယ်။ ဒါကြောင့် အဆင့်အတန်းကွဲပြားမှု၊ ဆင်းရဲမွဲတေမှုနဲ့ အထက်လွှာရဲဖိ နှိပ်မှုဆိုတာတွေတည်ရှိမြဲတည်ရှိနေခဲ့ပါတယ်။ အဓိကအားဖြင့်ကတော့ ဒီဆိုရှယ်ဒီမိုကရက် တွေဟာ တော်လှန်ရေးနည်းမဟုတ်ပဲ ပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ လူမှုစနစ်ပြောင်းလဲမှု ဖော်ထုတ်မယ်လို့ဆိုတာပါပဲ။ ဆိုရှယ်ဒီမိုကရက်တွေရဲ့ စီပွားရေးပေါ်လစီက လူမှုဖူလုံရေးနိုင်ငံပုံစံဖြစ်ပါတယ်။ ဂျီဒီပီပေါ် နိုင်ငံတော်မှ အခွန်ကောက်ခံမှုနှုန်းထား မြင့်ပါတယ်။ ဆိုရှယ်ဒီမိုကရက်တွေတင်မက အရင်းရှင်နိုင်ငံတချို့လည်း ကျင့်သုံးပါတယ်။ ဥပမာ ပြင်သစ်(၄၆.၂%) ဒိန်းမတ်(၄၆%) ဘယ်ဂျီယမ်(၄၄.၆%) ဆွီဒင်(၄၄%) ဖင်လန်(၄၃.၃%) အီတလီ(၄၂.၄%) ဩစတြီးယား(၄၁.၈%) တို့ဖြစ်တယ်။ ၂၀၂၀ အထိ ဥရောပနိုင်ငံ၂၉ နိုင်ငံဟာ လူမှုဖူလုံရေး သာယာရွှေပြည်နိုင်ငံတွေ ဖြစ်ကြပါတယ်။
သတိထားဖို့က ဆိုရှယ်ဒီမိုကရက်တွေ ရယ်လို့ပေါ်လာတာဟာ ကွန်မြူနစ်တွေ တော်လှန်ရေးအောင်ပွဲခံပြီးမှ ကျန်တဲ့နိုင်ငံတွေမှာ ပေါ်လာတာဖြစ်ပါတယ်။ ကွန်မြူနစ် တွေလုပ်သလို အစိုးရကိုတော်လှန်တာ မလုပ်ဖို့ လျှောက်လဲကြတာဖြစ်ပါတယ်။ သူတို့အဆိုကတော့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ တည်ရှိနေတဲ့နိုင်ငံရေး ဘောင်နယ်ပယ်ထဲမှာ အရင်းရှင်စနစ်ကို ဆိုရှယ်လစ်စနစ်အဖြစ် (တော်လှန်ရေးမလုပ်ဘဲ) ပြောင်းလဲသွားဖို့ဖြစ်ပါတယ်။ အခု ဆိုရှယ်ဒီမိုကရက်တွေက အထူးသဖြင့် “အမှတ်အသားပြုနိုင်ငံရေး” ကို ရှေ့တန်းတင် ခေါင်းထောင်နေကြတယ် လို့ ယူဆစရာတွေလည်း တွေ့နေရပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူများ အလိုကျ လက်ဝဲဝါဒ ပုံစံပေါက်တဲ့အသွင်လည်း တချို့က ယူထားကြပါတယ်။ ဒီနေ့ကာလလို ကမ္ဘာနဲ့အဝှမ်း ကွန်မြူနစ်လှုပ်ရှားမှု ဒီရေ နိမ့်နေချိန်မှာ ဆိုရှယ်ဒီမိုကရက်တွေ အသံ ကျယ်ကျယ်လောင်လောင် သိပ်မရှိလှပါဘူး။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းပေါင်းစုံစိုက်နေချိန် အချို့ဆိုရှယ်ဒီမိုကရက်တွေ ရွေးကောက်ပွဲရှုံးနိမ့်ပြီး ဖက်ဆစ်ပါတီတွေလည်း ခေါင်းထောင်လာနေပါတယ်။ တဖက်မှာတော့ ဗမာပြည်လိုစစ်အာဏာရှင်တွေကို အမြစ်ဖြုတ်ဖို့ပြည်သူတွေက ထက်ထက်သန်သန် တိုက်ပွဲဝင်နေကြတဲ့ ပတ်ဝန်းကျင်မှာ ဆိုရှယ်ဒီမိုကရက်စကားသံတွေ ပြန်ပေါ်လာတာ ဟာလည်း တိုက်ဆိုင်မှုမဟုတ်ပါဘူး။
ရဲဘော်ဖိုးသံချောင်း
Comments