top of page

၇၅ နှစ်မြောက် လွတ်လပ်ရေး/ပြည်တွင်းစစ်

အခုအခါ ဗမာပြည်သားများအနေနဲ့ ကမ္ဘာမှာဗမာကွရယ်လို့လက်မထောင်နိုင်တာဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့တိုင်းပြည်ဆိုတာပါပဲ။ လွတ်လပ်ရေးရတဲ့သက်တမ်းကြာလာတာနဲ့အမျှ ပြည်တွင်းစစ်ကပိုမိုးပြင်းထန်လာ လေ လေ၊ လူထုတွေပိုဒုက္ခတွေ့ရလေလေ၊ စီးပွားရေးပိုမိုကျဆင်းလေလေဖြစ်နေတာဟာ ဒီ ကမ္ဘာပေါ်မှာ ဗမာနိုင်ငံ သာပဲရှိတယ်ထင်ပါတယ်။

ဗမာပြည်လွတ်လပ်ရေးရတာနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတာဟာ သုံးနှစ်တောင် မခြားပါဘူး။ အဲဒီကာလတိုလေးအတွင်းမှာပဲ ဗမာပြည်တပြည်လုံးအလုပ်သမားသပိတ် တွေ၊ ကျောင်းသားသပိတ်တွေ၊ လယ်သမားအင်အားပြပွဲ(ညီလာခံ)တွေ၊ အမှုထမ်းအရာ ထမ်းသပိတ်၊ စာရေးစာချီသပိတ်စတာတွေအပြင် တခြားနိုင်ငံတွေမှာမကြားဖူးတဲ့ ပုလိပ် (ရဲ)သပိတ်စတဲ့ လူထုလှုပ်ရှားမှု(တိုက်ပွဲ)မျိုးစုံ စည်ညံဟိန်းနေခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ အစိုးရနဲ့ သူတို့ရဲ့ယန္တရားကိုဦးတည်ထားတဲ့ဒီတိုက်ပွဲတွေကြောင့် အင်္ဂလိပ်ဟာဂျပန်ရဲ့ လက်ကနေဗမာပြည်ကိုပြန်သိမ်းပြီး သုံးနှစ်တောင်မကြာမီမှာပဲ လွတ်လပ်ရေးပေးခဲ့ရတာဖြစ် ပါတယ်။


၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက် နေ့ကစပြီး အတိုက်အခံလုပ်ချင် သူတွေအားလုံး တောထဲဆင်း လက်နက်ကိုင်ရတာ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအခါမှာ ပုလိပ် သပိတ်ကတည်းက ဖင်တကြွကြွဖြစ်နေတဲ့ ဖဆပလအစိုးရ တပ်ထဲက အင်အား (တပ်ရင်း) နဲ့တပ်သားတချို့လည်း ဖဆပလအစိုးရအပေါ် မကျေနပ်လို့ တောထဲဆင်းသွားကြပါတယ်။ ဒီလိုလုပ်ခဲ့တာ တိုင်းရင်းသား တပ်တွေ ချည့်မဟုတ်ပါဘူး။

လွတ်လပ်ရေးပေးတယ်ဆိုတာ ကိုယ့်လက်ထဲမှာရှိတဲ့အာဏာကို လက်လွှဲပေးရတာဆို တော့ အဲဒီတုန်းကဗမာပြည်ရဲ့အခြေအနေအရ အင်္ဂလိပ်ဟာမတတ်သာလို့သာပေးရတယ်၊ သူပေးချင်တဲ့သူတွေကိုပေးမယ်၊ သူ့နိုင်ငံရေး၊ စီးပွားရေးသြဇာကိုဆက်လက်ထိန်းသိမ်းကာ ကွယ်မယ့်သူတွေကိုပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုကျေးဇူးအသိအမှတ်ပြုတဲ့ အနေနဲ့ ဆိုရှယ်လစ်ပါတီဦးကျော်ငြိမ်းကလည်း “ဗမာပြည်ရဲ့လွတ်လပ်ရေးဟာ ဗြိတိသျှ အစိုးရလေဘာပါတီရဲ့ကျေးဇူးကြောင့်ရခဲ့တာ”လို့ထုတ်ပြောပါတယ်။ ဒီလိုနဲ့အဲဒီတုန်းက ဗမာပြည်နိုင်ငံရေးအင်အားစုတွေထဲက လက်ယာအင်အားစုတွေဟာ ကိုလိုနီသခင်တွေရဲ့ အကြိုက်လိုက်ပြီး လက်ဝဲအင်အားစုတွေကို အပြတ်တိုက်ပြကြပါတော့တယ်။ သူတို့ဟာ အရင်းရှင်ကိုလိုနီအစိုးရတွေအတွက် စိတ်ချရ၊ အာမခံချက်ရှိတဲ့ အင်အားစုတွေဖြစ်ကြောင်း ပြည်ပအထိထွက်ပြီး လှုပ်ရှားပြောဆိုကြပါတယ်။ ဒီတော့မှကိုလိုနီအရှင်သခင်တွေက ဒီလို ကောင်မှငါတို့လူဆိုပြီး ဝမ်းသာအားရနဲ့ ဖဆပလလက်ယာဂိုဏ်းထိပ်သီးတွေရဲ့လက်ထဲကို လွတ်လပ်တဲ့ဗမာပြည်ကြီးထိုးထည့်ပေးလိုက်ပါတယ်။ အရှင်မွေးနေ့ချင်းကြီးဆိုသလို အာဏာအရှိန်နဲ့ တပြောင်ပြောင်ဖြစ်လာကြတဲ့ ဖဆပလလက်ျာဂိုဏ်းထိပ်သီးတွေဟာ ဇန္နဝါရီလ ၄ရက်နေ့အလွန် ၂လမကြာမီမှာပဲ သခင်အားရကျွန်ပါးဝအစွမ်းပြကြပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့သခင်တွေကို တွန်းလှန်မောင်းထုတ်ရာမှာထိပ်တန်းကပါခဲ့တဲ့၊ လက်ရှိအချိန်မှာ လည်း နယ်ချဲ့ဆန့်ကျင်ရေးစကားတွေ မနားတမ်းပြောနေတုန်းဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ လက်ဝဲအင်အားစုတွေကို တောထဲမောင်းပို့ပြီး ချေမှုန်းရေးတွေ အကြီးအကျယ် လုပ်ပါတော့တယ်။ ဒီလိုနဲ့ ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက် နေ့ကစပြီး အတိုက်အခံလုပ်ချင် သူတွေအားလုံး တောထဲဆင်းလက်နက်ကိုင်ရတာ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအခါမှာ ပုလိပ် သပိတ်ကတည်းက ဖင်တကြွကြွဖြစ်နေတဲ့ ဖဆပလအစိုးရ တပ်ထဲကအင်အား (တပ်ရင်း) နဲ့တပ်သားတချို့လည်း ဖဆပလအစိုးရအပေါ်မကျေနပ်လို့ တောထဲဆင်းသွားကြပါတယ်။ ဒီလိုလုပ်ခဲ့တာ တိုင်းရင်းသား တပ်တွေ ချည့်မဟုတ်ပါဘူး။ မြန်မာအမျိုးသားတပ်တွေလည်းပါ ပါတယ်။


အဲဒီလိုနဲ့ ၇၅ နှစ်လုံးလုံး ဗမာတပြည်လုံးမီးဟုန်းဟုန်းတောက်ခဲ့တာ ဒီနေ့အထိပါပဲ။ ၄၈ ခု နှစ်မှာ ရာဇာပလ္လင်ပေါ်တက်ထိုင်ခဲ့တဲ့ ဖဆပလအဖွဲ့ကြီးဟာ ၁၉၅၆ ခုနှစ်မှာ ဟက်တက်ကွဲပါ တယ်။ အာဏာသက် ရှစ်နှစ်အကြာမှာဖြစ်တာပါ။ အဲဒီနောက် ၁၉၅၈ ခုနှစ်မှာတော့ ဗိုလ်နေဝင်းဟာ သူ့ဘော်ဒါဆိုရှယ်လစ်တွေ အခြေအနေမလှမှန်းသိလို့ သူကိုယ်တိုင်ထွက် အာဏာသိမ်းတာလုပ်ပါတယ်။ လွတ်လပ်ရေးဆိုတာကြီးရပြီး ဆယ်နှစ်တိတိအကြာမှာစစ်တပ် ကအိမ်စောင့်အစိုးရဆိုပြီး အာဏာသိမ်းတာဖြစ်ပါတယ်။ အဲဒီနောက် ၁၉၆ဝခုနှစ်မှာ“ရွေး ကောက်ပွဲ”ဆိုတာလုပ်ခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲကတင်မြှောက်လိုက်တဲ့ဦးနုအစိုးရဟာ နှစ်နှစ်သာသာပဲ သက်တမ်းခံပြီး ၁၉၆၂ခုနှစ်မှာ အာဏာသိမ်းခံရတာ၊ “ထိန်းသိမ်း” ခံရ တာတွေဖြစ်ကုန်ပါတော့တယ်။ အဲဒီအချီဟာ နောင်မှာဆက်ဖြစ်လာဦးမယ့် အာဏာသိမ်းပွဲ အကြိမ်ကြိမ်အတွက်ပဏာမအားယူလိုက်တာ၊ ခတ်ကွင်းပြင်လိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီ တကြိမ်သိမ်းလိုက်တာနဲ့ပဲ ဗိုလ်နေဝင်းဟာ ဖဆပလနှစ်ခြမ်းရဲ့ အရည်အသွေးကိုရော၊ အာ ဏာအခွင့်အရေးနဲ့ဖြားယောင်းလို့ရတဲ့ မိမိတပ်ကတပ်မှူးတွေရဲ့ သစ္စာရှိမှုကိုပါ ဆဝါးသွား နိုင်ပြီး သူတို့ကြေးစားတပ်အတွက် အစဉ်အလာတခုတည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့အဖို့ပြောရရင် ပြည်တွင်းစစ်ဖြစ်နေရင် စစ်တပ်အနေနဲ့အာဏာသိမ်းဖို့ပိုလွယ်၊ ပိုမြဲမြံ တယ်ဆိုတဲ့ တရားကိုလည်းထူထောင်လိုက်နိုင်သွားပါပြီ။ ဒါကြောင့်လည်းအခုအခါမှာ ဗိုလ် မင်းအောင်လှိုင်တို့ဟာ ဗမာပြည်ပြည်သူတွေကို ရွေးကောက်ပွဲနဲ့အာဏာသိမ်းမှု၊ တခုခု ကြိုက်ရာရွေးလို့ထုတ်မပြောရုံတမယ် အကျပ်ကိုင်နေပြန်ပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့ ဆို တာကိုလည်း စစ်ကောင်စီကသေနတ်တပြပြနဲ့ပြောနေတာပါ။ သူတို့အတွက်ကတော့ ဒီနှစ် မျိုးစလုံးဟာ သပိတ်ဝင်အိပ်ဝင်ချည်းပါ။


အခုလည်း စစ်ကောင်စီက ရွေးကောက်ပွဲမျက်လှည့်ပွဲကို ပွဲထုတ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာအာမခံချက်မှမပေးတာကိုလည်း သတိမပြုမိဘဲ မနေ နိုင်ပါဘူး။ သာမန်တရားမျှတမှု လောက်ကိုတောင်မှ အာမမခံပါဘူး။

ပြန်ချုပ်လိုက်ရင် ဗမာပြည်မှာလွတ်လပ်ရေးဆိုတာကြီးရပြီးနောက် ကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲတွေကတင်မြှောက်ခဲ့တဲ့အစိုးရတွေထဲမှာ စစ်အုပ်စုပီပီပြင်ပြင် မပေါ်ပေါက်သေးတဲ့ ၁၉၄၈ ခုနှစ်အစိုးရနဲ့ ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲက တင်လိုက်တဲ့ ဖဆပလအစိုးရတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ၂ဝ၁၂ ခုနှစ် (၂၀၁ဝ-၂ဝ၁၄) နဲ့ ကြံ့ဖွတ်အစိုးရ သူတို့က စိတ်ချလက်ချခွင့်ပြုခဲ့တဲ့ (၂ဝ၁၅-၂ဝ၂ဝ ဒီချုပ်အစိုးရ) တို့ကလွဲရင် ပြည်သူတွေက ရွေးကောက်ပွဲဆိုတာတွေကတင်မြှောက် လိုက်တဲ့အစိုးရမှန်သမျှတွေဟာ သက်တမ်း ပြည့်အောင် မတည်ရှိခဲ့ဘဲ အာဏာသိမ်းတာနဲ့ချည့် ဇီဝိန်ချုပ်ခဲ့တယ်ဆိုတာပါပဲ။ ဗိုလ်နေဝင်း ကျင်းပပေးတဲ့ ဦးနုတို့ရဲ့ သန့်ရှင်း ဖဆပလ က (ပထစ) တပြည်လုံးမှ ာခြိမ့်ခြိမ့်သဲ နိုင်ခဲ့တယ်လို့ဆိုရမယ့် ၁၉၆ဝ ခုနှစ်ရွေးကောက်ပွဲ တောင်မှ ၁၉၆၂ခုနှစ် အာဏာသိမ်းပွဲနဲ့ ဇာတ်သိမ်းခဲ့တယ် မဟုတ်ပါလား။

အခုလည်း စစ်ကောင်စီက ရွေးကောက်ပွဲမျက်လှည့်ပွဲကို ပွဲထုတ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာအာမခံချက်မှမပေးတာကိုလည်း သတိမပြုမိဘဲ မနေ နိုင်ပါဘူး။ သာမန်တရားမျှတမှုလောက်ကိုတောင်မှ အာမမခံပါဘူး။ အဲဒီရွေးကောက်ပွဲဆို တာကို စစ်တပ်၊ ပုလိပ်၊ စစ်တပ်၊ ပျူစောထီးစတာတွေက ဝင်မရှုပ်ပါဘူးလို့မပြောသလို အာဏာမသိမ်းတော့ပါဘူးလို့လည်း အာမမခံရုံမက လေသံလေးတောင်မဟပါဘူး။ ဒါ့ အ ပြင် သူတို့ရဲ့သမ္မာကျမ်းစာသဖွယ်ဖြစ်တဲ့ ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးရဲ့ လောင်းရိပ်အောက်မှာ ဗိုလ်မင်းအောင်လှိုင်တယောက် သမ္မတမင်းအောင်လှိုင်ဖြစ်ရေးကိုပဲ အဓိကဦးတည်ထားတာပါ။ သူတို့ချည်းပြိုင်၊ သူတို့ချည်းနိုင်မယ့်ဒီရွေးကောက်ပွဲကို အခု ကတည်းက လူတကာ၊ နိုင်ငံတကာက ဆန့်ကျင်နေကြတာဟာ မျက်ကွယ်ပြုလို့မရတဲ့အရာ ပါ။ နောက်ဆုံးကျတော့ ကျွန်တော်တို့ရဲ့ဗမာပြည်ကြီးဟာ အင်္ဂလိပ်ကိုလိုနီ၊ ဂျပန်ဖက်ဆစ် တွေအောက်က လွတ်လပ်တာ၇၅နှစ်သာပြည့်သွားရော စစ်အာဏာရှင်အုပ်စိုးတဲ့နိုင်ငံပဲ ဖြစ် မြဲဖြစ်နေဦးမှာပါ။ စစ်အာဏာရှင်စနစ်ကို ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးက အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ကျွန်တော်တို့ရဲ့ ဗမာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်အောက် ကြမ္မာဆိုး ခံစားနေရတဲ့ ဘဝဆိုးထဲက ရုန်းထွက်လွတ်မြောက် တန်းတူညီမျှ သာယာဝပြောတဲ့ ဗမာပြည်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။


ရဲဘော်ဖိုးသံချောင်း - နိုင်ငံရေးအတွေးအမြင် ဆောင်းပါး မူရင်းဖော်ပြချက် - www.cp-burma.org

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page