Burma Independence Absolute History : Approved From Southern Buddhism
နှစ်သစ်ကူးအချိန်ကာလမှာ မေမေ့နဲ့ မေမေ့ ဖေဖေကို မေမေ့ ဦးလေး သခင်သန်းထွန်းလို သမိုင်းအမှိုက်ပုံးထဲ ပစ်ထုတ်ပြိုက်ခဲ့ကြသလို့ပဲ.. ပစ်ထုတ်ပြိုက်ကြလို့.. ပြောရ လေမလား.. ရာဇဝင်တွေထဲမှာ မေမေ့ကိုရော.. မေမေ့ ဖေဖေကိုပါ ထားခဲ့လိုက်ကြပါလို့ဆိုတဲ့ အသိလေးသာ သိစေချင်တာပါ..
အရင်းရှင်စနစ်ရဲ့ အစွန်းတရားဖြစ်တဲ့ ဈေးကွက်စီးပွားရေး စနစ်မှာ Limited Edition ဆိုတာ မရှိဘူး... အဲ့ဒီလိုပဲ... လူကြိုက်များသည်းသည်းလှုပ် အရူအမူးဖြစ်ပြီးရောဆိုတဲ့ ဒီမိုကရေစီဆိုတာမှာလည်း.. လူနည်းစု အခွင့်အရေးနဲ့.. လူတစ်ဦးချင်းစီရဲ့ မတူ ကွဲပြားပိုင်ခွင့်ဆိုတဲ့ သဘာဝလွတ်လပ်ခွင့်ဆိုတာကို ကာယကံ၊ ဝစီကံ၊ မနော်ကံ ဘာတစ်ခုနဲ့မှ မပေးနိုင်ကြတဲ့ဟာတွေကို မအလတွေလိုပဲ ရွံရှာမိတာ အပြစ်လား..
ဗမာပြည် လွတ်လပ်ရေးသမိုင်း (ပါမောက္ခချုပ်ဆရာတော်)
Burma Independence Absolute History : Approved From Southern Buddhism
သက်ကျ သာကီဝင် ကပိလဝတ်နဲ့ ကောလိယတိုင်းတို့ ရောဟီဏီမြစ် (ရောဟီဏီနဒီ | रोहिणी नदी | Rohini River) ရဲ့ ရေကို လုကြရာက စစ်မက်ဖြစ်ပွားလုနီးပါး အချိန်တွင် ဗုဒ္ဓရှင်ကိုယ်တော်မြတ် တရားပြ ဆုံးမတော်မူခဲ့တဲ့ တရားတော်များအား "ဘယ်သူ့ အမှားလဲ" အမည်ဖြင့် အပိုင်း (၃) ပိုင်းခွဲကာ ဟောကြားတော်မူခဲ့သော တရားတော်များအတွင်းမှ ထုတ်နှုတ် ဖော်ပြသည်။
ဆရာတော်ကြီးအား မဆဲပါနဲ့.. ဆဲချင်ရင်.. ကျုပ် အံ့ဘုန်းမြတ်ကို ဆဲပါ..
မှတ်စု - ရောဟီဏီမြစ် သည် နီပေါနိုင်ငံ လုမ္ဗနီဇုန်ရှိရာ Rupandehi ခရိုင်နှင့် Siwalik တောင်တန်းမှ စတင်ကာ တောင်ဘက်သို့ အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်သို့ စီးဆင်းလျက်ရှိသည်။ Gorakhpur တွင် ရောဟီဏီမြစ်သည် အနောက်ရပ်တီမြစ် ( West Rapti River) ၏ ဘယ်ဘက်ကမ်းမြစ်လက်တက် အဖြစ် စတင်ခဲ့သည်။ Gaura Barhaj အထက်ရှိ Ghāghara မြစ်နှင့် တွေ့ဆုံသည်။ ထို့နောက်တွင် Ghagharaမြစ် သည် Ganges မြစ်နှင့် တွေ့ဆုံသည်။
၂၀၀၇ - ၂၀၀၈ ခုနှစ်ရေကြီးမှုတွင် အနီးအနားရှိ ဆည်သည် ကျိုးခဲ့ပြီး ခန့်မှန်းခြေ လူ ၂၈ ယောက်မှ ၃၆ ယောက်အထိ သေဆုံးခဲ့ရသည်။ ဖြစ်ခဲ့သည်မှာ ဥတ္တရပဒေသပြည်နယ်၊ Harakhpura ရွာတွင် ဝန်ပိုတင်ဆောင်ခဲ့သည့် ကယ်ဆယ်ရေးလှေသည် ရေကြီးလျက်ရှိသည့် ရောဟီဏီမြစ်အတွင်း မျောပါကာ သေဆုံးခဲ့ရသည်။ လှေအပေါ်တွင် ပါလာသူမှာ ခန့်မှန်းခြေ ၈၅ ဦးမှ ၉၀ ဦးအထိ ရှိခဲ့ပြီး လှေ၏ ခံနိုင်ဝန်မှာ လူ ၃၀ ဦးသာ ဖြစ်သည်။ လှေပေါ်ပါလာသူ အများစုသည် ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။
Comments